The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

April 27, 2022

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့တွင် ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲ ရောင်းချရ

ဝန်ကြီးဌာနသတင်းများ သတင်း
1-2048x1614

(၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို ယနေ့နံနက်ပိုင်း တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။

          နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည်  မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက်  ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။

          ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁) မှ (၇၀၀) အထိ အတွဲပေါင်း (၇၀၀) အတွက် ရတနာကုန်သည်များက တင်သွင်းထားသည့် ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၅၂၃ တွဲကို ရောင်းချရကြောင်း ကြေညာသည်။

          ယခင်ရက်ပြပွဲများတွင် ပုလဲအတွဲအမှတ် (၁) မှ (၃၃၀) အထိ ပုလဲအတွဲပေါင်း ၃၃၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၃၀ ကို လည်းကောင်း၊ ကျောက်မျက်အတွဲအမှတ် (၁) မှ (၁၂၀) အထိ အတွဲပေါင်း ၁၂၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၄ တွဲကို လည်းကောင်း ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား ရောင်းချပေးနိုင်ခဲ့သည်။

          ပြပွဲဆဋ္ဌမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၇၀၁) မှ (၁၄၀၀) အထိ နှင့်  သတ္တမနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၄၀၁) မှ (၂၀၀၀) အထိကို အိတ်ဖွင့်တင်ဒါ စနစ်ဖြင့် ဆက်လက်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

          မွန်းလွဲပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ နှင့် ပြပွဲဗဟိုကော်မတီဝင်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်းရှိ ကျောက်စိမ်းအတွဲများ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှု အားပေးသည်။

          နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ရရှိရန်နှင့် နိုင်ငံသားများအတွက် စီးပွားရေး အကျိုးဖြစ်ထွန်းမှုများ ရရှိနိုင်စေရန်အတွက် တူးဖော်ထုတ်လုပ်ထားသည့် ကျောက်မျက် ရတနာများကို ရောင်းချနိုင်မည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ အောင်မြင်စွာကျင်းပခဲ့ရာ ယခုကျင်းပပြုလုပ်သည့် (၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင်လည်း ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအနေဖြင့် ပုလဲအတွဲများနှင့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများကို စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှု ဝယ်ယူလျက်ရှိကြောင်း သိရသည်။

2-4-1511x1536 3-8-1705x2048 5-7-1536x1268 6-6-1536x1318 7-6-1536x1024 8-6-1536x1024 9-4-1536x1024 10-3-1536x1024 11-2-1536x1024 12-2-1536x1024 13-1-1536x1024