The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

July 27, 2022

Geographic Information System (GIS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်

ဝန်ကြီးဌာနသတင်းများ သတင်း
IMG_6258-2048x1365

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် Geographic Information System (GIS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မြေပုံများ၊ တစ်လက်မ-တစ်မိုင် စကေး မြေပုံများ၊ Myanmar dataum 2000 UTM မြေပုံများနှင့် ကိုယ်တိုင်ကွင်းဆင်းတိုင်းတာ သတ်မှတ် ထားသော မြေပုံများကို Geographic Information System (GIS) စနစ် အသုံးပြု၍ မြေပုံများ ရေးဆွဲ ရာတွင် တူညီ၍ ပြုပြင်လွယ်သော Software တစ်ခုအား အသုံးပြုခြင်းဖြင့် ဌာနတစ်ခုနှင့်တစ်ခု အကြား လိုအပ်ချက်များကို အချင်းချင်းလွယ်ကူမြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက အဖွင့် အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။

          အဆိုပါ သင်တန်းသို့ ဝန်ကြီးရုံး အပါအဝင် သစ်တောဦးစီးဌာန၊ မြေတိုင်းဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းလန်းစိုပြေရေးဦးစီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေး ဦးစီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း တို့မှ သင်တန်းသား/ သင်တန်းသူ စုစုပေါင်း(၂၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းအား (၂၆-၇-၂၀၂၂)ရက်နေ့မှ (၄-၈-၂၀၂၂) ရက်နေ့ အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

IMG_6250-1536x1024 IMG_6262-1536x1024