သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။
အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။
ဆန္ဒဖော်ထုတ်ပွဲအခမ်းအနားတွင် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးစိုးနိုင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ ပြည်တွင်း/ ပြည်ပဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင် တို့က မိမိတို့ တာဝန်ယူဆောင်ရွက်နေသော ဌာနခွဲများအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်း က နိဂုံးချုပ်အမှာစကားပြောကြား ပါသည်။
ထို့နောက် ဒုတိယဝန်ကြီး က တင်ပြဆွေးနွေးမှုများအပေါ် လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။