The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

August 20, 2026

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ၏ (၁/၂၀၂၆)ကျင်းပ

ဝန်ကြီးဌာနသတင်းများ သတင်း

အမျိုးသားအဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ၏ (၁/၂၀၂၆) အစည်းအဝေးကို ယနေ့ မွန်းလွဲပိုင်းတွင် ရုံးအမှတ်(၃၉)၊ သစ်တောဦးစီးဌာနရုံးချုပ်၊ အင်ကြင်းခန်းမ၌ ကျင်းပရာ အမျိုးသား အဆင့် ဘူမိဥယျာဉ်ဆိုင်ရာကော်မတီ ဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး၊ အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အတူ Online မှ မြန်မာနိုင်ငံ ယူနက်စကို အမျိုးသား ကော်မရှင် အတွင်းရေးမှူးချုပ်၊ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း ဥက္ကဌတို့ တက်ရောက်ကြသည်။

ဦးစွာ အစည်းအဝေးတွင် ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်အရ လုပ်ငန်း ကော်မတီနှင့် နည်းပညာအဖွဲ့များကို ပြင်ဆင်ဖွဲ့စည်း၍ ဘူမိနယ်မြေများ ထပ်မံတိုးချဲ့ဖွဲ့စည်းနိုင်ရန်၊ ပုပ္ပါးတောင်အမျိုးသားဥယျာဉ်နှင့် Geosites များအား ပြည်ပခရီးသွားများ ပိုမိုသိရှိပြီး ဘူမိခရီးသွား လုပ်ငန်းများ အကောင်အထည်ဖော်နိုင်ရေးအတွက် ယူနက်စကို ကမ္ဘာလုံးဆိုင်ရာ ဘူမိဥယျာဉ် (UNESCO Global Geopark) အဖြစ် သတ်မှတ်ခံရရေး ကျန်ရှိနေသည့် အချက်များကို ဆက်စပ် ဝန်ကြီးဌာနများနှင့်ပေါင်းစပ်၍ သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်သွားရန် ပြောကြားသည်။

ထို့နောက် အတွင်းရေးမှုး၊ တွဲဖက်အတွင်းရေးမှူး များနှင့် အဖွဲ့ဝင်များမှ ဆက်လက်တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

20082026 feature