The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

August 5, 2026

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်နေမှုများအား ကြည့်ရှုစစ်ဆေး

ဝန်ကြီးဌာနသတင်းများ သတင်း

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် မန္တလေးငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာ ပြတိုက်(နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်နေမှု အခြေအနေများကို သွားရောက် ကြည့်ရှု စစ်ဆေးသည်။

ရှေးဦးစွာ ရှင်းလင်းဆောင်တွင် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူများနှင့် အဆောက်အဦ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာ၊ ဒီဇိုင်းအင်ဂျင်နီယာတို့က ဦးစားပေး အဆင့်လိုက် တည်ဆောက်ပြီးစီးနိုင်မှု အခြေအနေများ၊ ပြခန်းများအလိုက် နေရာ ချထားမည့် အခြေအနေများကို ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးက ထပ်မံ ဖြည့်စွက် ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး၊ သတ်မှတ် စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးတို့ကို လမ်းညွှန်မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ့ကျောက်မျက်ရတနာပြတိုက်(နေပြည်တော်) အကြီးစား ပြုပြင်တည်ဆောက်နေမှုတွင် ရှေ့မျက်နှာစာအား Light Weight Block အုတ်စီနေမှု အခြေအနေ၊ အဆောက်အဦ၏ ပင်မအတက်/အဆင်း လှေကားအသစ် ပြုလုပ်နေမှု၊ အမိုးသွပ် လဲလှယ်နေမှု အခြေအနေများ၊ မြေညီထပ်နှင့် ပထမထပ်များတွင် ပြင်ဆင်ဆောင်ရွက်နေသည့် အခြေအနေများကို လည်းကောင်း၊ Basement ကြမ်းခင်းအား မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ Valt အခန်းများ ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေနှင့် ပြတိုက်အဝင်မုဒ်ဦး မွမ်းမံပြင်ဆင်မည့် အခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။