ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တိုးချဲ့ရုံး အဆောက်အဦးသစ် ကမ္ပည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်ဖွင့်လှစ်

သတင်းစဉ်

နေပြည်တော် (၂၁.၄.၂၀၂၁)

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)၊ ရုံးအမှတ် (၁၉) နေပြည်တော် တိုးချဲ့ရုံး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့ နေ့လည် (၁၁:၀၀) နာရီ မင်္ဂလာအချိန်တွင် အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ပါသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော် နှင့် ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။

၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရုံးအဆောက်အဦသစ်အတွင်း ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့်အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့မှ ဝန်ထမ်းများ နေရာချထား တာဝန်ထမ်းဆောင်နေမှုများကို လှည့်လည် ကြည့်ရှုခဲ့ပြီး လိုအပ်ချက်များကို တာဝန်ရှိသူများအား မှာကြား ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။

အဆိုပါ တိုးချဲ့ရုံး အဆောက်အဦသစ်ကို ၁.၁၂.၂၀၁၉ တွင် မြေသန့်ပန္နက်တင်မင်္ဂလာ ပြုလုပ်ခဲ့ပြီး ၈.၁၂.၂၀၁၉ ရက်နေ့မှ စတင်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦ ဦးစီးဌာန၊ တည်ဆောက်ရေး(၂)၊ အဆောက်အဦ အထူးအဖွဲ့(၄)မှ တာဝန်ယူ ဆောက်လုပ်ခဲ့ပြီး ၂၅.၁၂.၂၀၂၀ ရက်နေ့တွင် ဆောက်လုပ်ပြီးစီးခဲ့ ကြောင်း သတင်းရရှိပါသည်။

Admin

Admin

Leave a Reply

Your email address will not be published. Required fields are marked *

Top