သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် Geographic Information System (GIS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မြေပုံများ၊ တစ်လက်မ-တစ်မိုင် စကေး မြေပုံများ၊ Myanmar dataum 2000 UTM မြေပုံများနှင့် ကိုယ်တိုင်ကွင်းဆင်းတိုင်းတာ သတ်မှတ် ထားသော မြေပုံများကို Geographic Information System (GIS) စနစ် အသုံးပြု၍ မြေပုံများ ရေးဆွဲ ရာတွင် တူညီ၍ ပြုပြင်လွယ်သော Software တစ်ခုအား အသုံးပြုခြင်းဖြင့် ဌာနတစ်ခုနှင့်တစ်ခု အကြား လိုအပ်ချက်များကို အချင်းချင်းလွယ်ကူမြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက် သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် […]
၂၀၂၁ – ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်း သား၊ သမီးများအား ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပလာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ဘာသာစုံဂုဏ်ထူးရှင်များ ဂုဏ်ထူးများဖြင့် အောင်မြင်သူများ ပိုမိုများပြားစွာ ပေါ်ထွက်ခဲ့သည်ကို တွေ့ရှိရပြီး ယခုနှစ်တွင် ဂုဏ်ထူးရှင် စုစုပေါင်း(၁၆၉)ဦး ပေါ်ထွက်ခဲ့ပါကြောင်း၊ နှစ်စဉ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးရှင်များ အမြဲတမ်း မပျက်မကွက် ပါဝင်လေ့ရှိသည့် မိမိတို့ ဝန်ကြီးဌာန ဝန်ထမ်း သား၊ သမီးများ၏ အစဉ်အလာကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်မှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ […]
