သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်လျက် ရှိသော ဝန်ထမ်းများ ပျော်ရွှင် အပန်းဖြေနိုင်ရေးအတွက် ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာအသံနှင့် ရုပ်မြင်သံကြား၏ ဝန်ထမ်းများနှင့် အနုပညာရှင်များ၏ ဖျော်ဖြေပွဲ ကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၉)ရက်နေ့ ညနေ (၅)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း နှင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တို့ တက်ရောက် ကြည့်ရှုအားပေးပါသည်။ အဆိုပါ ဖျော်ဖြေပွဲ မစတင်မီ ပြည်ထောင်စုဝန်ကြီးများက နိုင်ငံကျော် အဆိုတော်များ၊ မြန်မာအသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအနုပညာရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။ ဖျော်ဖြေပွဲသို့ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဝန်ကြီးဌာန လက်အောက်ရှိ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးထွန်းအုံ၊ ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္ထိစာသင်တိုက် ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ဒုတိယဝန်ကြီးများက ဆရာတော် သံဃာတော် အရှင်သူမြတ်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။ ထို့နောက် တက်ရောက်လာကြသည့် အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ကျန်ရှိသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား […]
(မဏိရတနာ ကျောက်စိမ်းခန်းမ၊ နေပြည်တော် ၃၀-၁၀-၂၀၂၂) ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်း များအား ဂုဏ်ပြုဆုငွေ၊ ဝန်ထမ်းဝတ်စုံများ ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲကို အောက်တိုဘာလ (၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ကြောင်း၊ ယခုပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက် […]
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသည်။ ယနေ့ပြပွဲတွင် ရောင်းချသည့် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁) မှ အတွဲအမှတ် (၂၁၅၀) အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးရာ ကျောက်စိမ်းအတွဲပေါင်း (၅၁၉) တွဲ ရောင်းချရကြောင်း ကြေညာသည်။ နှစ်လယ်မြန်မာ့ကျေက်မျက်ရတနာပြပွဲတွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည် ၂၉၆၀ ဦးအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၄၀၀ ကို အောက်တိုဘာ ၂၀ ရက်မှ ၂၁ ရက်အထိ ရောင်းချပေးခဲ့ရာ ပုလဲအတွဲပေါင်း ၃၆၂ တွဲကိုလည်းကောင်း၊ ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို အောက်တိုဘာ ၂၂ ရက်တွင် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၅၅ တွဲကို လည်းကောင်း၊ […]
၂၀၂၂ ခုနှစ် နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၇၅၁ မှ အတွဲအမှတ် ၁၅၀၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်စိမ်းအတွဲပေါင်း ၆၅၂ တွဲရောင်းချရကြောင်း ကြေညာသည်။ ပြပွဲနောက်ဆုံးနေ့တွင် […]
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပရတနာကုန် သည်များဖြင့် စည်ကားလျက်ရှိသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအရိုင်း တွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ရောင်းချမည့် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ ကျောက်စိမ်းအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ ထို့နောက် ကျောက်စိမ်းအတွဲအမှတ် ၁ မှ အတွဲအမှတ် ၇၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက် စိမ်းအတွဲပေါင်း ၆၆၅ တွဲရောင်းချရကြောင်း ကြေညာသည်။ […]
၂၀၂၂ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများ၊ ကျောက်မျက် အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အရိုင်းတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ ကျောက်မျက် အတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ထို့နောက် ကျောက်မျက်အတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၂၀ အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် ၁ နှင့် […]
၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအရိုင်းတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှု ကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။ ထို့နောက် ပုလဲအတွဲအမှတ် ၂၀၁ မှ အတွဲအမှတ် ၄၀၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက တင်ဒါအမှတ် (၃) ကို မွန်းလွဲ ၁ နာရီနှင့် တင်ဒါအမှတ် […]
