သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၇-၈-၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနရုံးခွဲများသို့ ရောက်ရှိကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်း အိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များအား တိကျစွာ လိုက်နာရန်၊ မိမိလုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာခံယူချက်ထား ဆောင်ရွက်ရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။           ၂၈-၈-၂၀၂၂ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်တွင်းဒေသရှိ သံတော်မြတ်ကုမ္ပဏီ လီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် […]

Top