သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအတွက် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို) က အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၀၀) လှူဒါန်းခြင်း

          သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၀၀)နှင့် ခြင်ထောင် အလုံး (၄၀၀) ကို ၈-၁၀-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)သို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနအကြီးအကဲများ တက်ရောက်သည်။

          မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌက လာရောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လှူဒါန်းပစ္စည်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။

Admin

Admin

Top