သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

 

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်း ရာထူး (၂၀)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည် –                                                          

စဉ်

ရာထူး/လစာနှုန်း

ရာထူးနေရာ

အနိမ့်ဆုံးပညာ အရည်အချင်း

(က)

ဘူမိဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား)

(၁၀)နေရာ

သိပ္ပံဘွဲ့(ဘူမိဗေဒ)

(ခ )

ဘူမိဓာတုဗေဒလက်ထောက်(၂)    ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား/အမျိုးသမီး)

(၃)နေရာ

သိပ္ပံဘွဲ့(ဘူမိဗေဒ/ ဓာတုဗေဒ)

(ဂ )

ဘူမိရူပဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား)

(၂)နေရာ

သိပ္ပံဘွဲ့(ဘူမိဗေဒ/ ရူပဗေဒ)

(ဃ)

အငယ်တန်းအင်ဂျင်နီယာ(၂) (လွန်တူး)                   ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား)

(၄)နေရာ

B.Tech (Mining/ (Mech;), A.G.T.I (Mining/ (Mech;)

(င )

စာရင်းကိုင်(၂)             ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား/အမျိုးသမီး)

(၁)နေရာ

B.Com (or) B.Act (or) B.Econ(Stat;) (or) B.Econ(Eco;) 

 

၂။       အထက်ဖော်ပြပါရာထူးနေရာများအတွက် လျှောက်ထားသူများသည် –

(က)    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊

(ခ )    ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၀)နှစ်မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာနအကြီးအမှူး၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။

(ဂ )    ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။

(ဃ)    ဦးစီးဌာနတွင် တစ်ဆက်တည်း အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။

(င )    အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

(စ )    အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း(Removal) ခံရသူများ၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။

 

၃။      လျှောက်လွှာတွင် အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရမည် –

(က)    အမည် –

(ခ )    နိုင်ငံသားစိစစ်ရေးကတ်အမှတ် –

(ဂ )    မွေးသက္ကရာဇ်၊ အသက် –

(ဃ)    လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ –

(င )    ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း –

(စ )    လျှောက်ထားလိုသည့်ရာထူး –

(ဆ)    မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏ အလုပ်အကိုင် –

(ဇ )    ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်၊ ဌာနနှင့်လုပ်သက် –

(ဈ )    ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ် –

(ည)    ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-mail –

 

၄။      လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာ ရာထူးအလိုက် လိုအပ်သည့် အောက်ပါစာရွက် စာတမ်းများ ပူးတွဲပါရှိရမည် –

(က)   နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ

(ခ )    ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မိတ္တူ၊ (လူတွေ့ဖြေဆိုချိန်တွင် မူရင်း တင်ပြရမည်)

(ဂ )   နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမား မှတ်ပုံတင်ကတ်ပြား မိတ္တူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း

(ဃ)  လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော (၁.၅” X ၁.၇၅”) နောက်ခံ အပြာရောင် ရောင်စုံလိုင်စင်ဓာတ်ပုံ (၃)ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားဖော်ပြရမည်)

(င )   လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ထုတ်ပေးထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၏ ထောက်ခံချက် မူရင်း။

(စ )  နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးထောက်ခံစာမူရင်း။

(ဆ)  အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထား မိတ္တူများ။

(ဇ )  စာမေးပွဲ ဝင်ကြေးငွေ ကျပ် ၁၀၀ဝိ/- ပေးသွင်းထားသည့် ငွေသွင်းချလန် မူရင်း။

 

၅။      လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) www.mining.gov.mm တွင်ရယူ၍ လည်းကောင်း၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ရုံးအမှတ်(၁၉)(B)၊ နေပြည်တော်တွင်လည်းကောင်းအခမဲ့လာရောက်ထုတ်ယူ၍ လျှောက်လွှာပါအချက်အလက် များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ပါသည်၊  လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ရုံးအမှတ်(၁၉)(B)၊ နေပြည်တော်သို့ လိပ်မူပြီး လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှမှတ်ပုံတင်၍သော် လည်းကောင်း၊ (၈-၁၂-၂၀၂၅) ရက်နေ့အရောက် နောက်ဆုံးထားပေးပို့ လျှောက်ထားရပါမည်၊ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက် မပြည့်စုံသော လျှောက်လွှာများ၊ သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသူများကို လက်ခံ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

 

၆။      စာမေးပွဲဝင်ကြေး ကျပ် ၁၀၀ဝိ/- (ကျပ်တစ်ထောင်တိတိ)ကို နီးစပ်ရာ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်ရှိ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ ငွေစာရင်းအမှတ် MD-011070 သို့ ပေးသွင်းရမည်ဖြစ်ပြီး စာရင်း အမှတ်အောက်ရှိ ကွက်လပ်တွင် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ လျှောက်ထားမည့် ရာထူးအမည်ဖော်ပြပြီး စာမေးပွဲဝင်ကြေးပေးသွင်းခြင်းဟု ဖော်ပြ၍ ပေးသွင်းရမည်ဖြစ်ပါသည်။

 

၇။      နိုင်ငံ့ဝန်ထမ်းဖြစ်ပါကလျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။

 

၈။       ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) www.mining.gov.mm နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာ ပေးထားမည်ဖြစ်သည်။

                          

၉။      လျှောက်ထားသူများသည်မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် သက်ဆိုင်ရာဘာသာရပ်မေးခွန်းများကို (၁၄-၁၂-၂၀၂၅) ရက်နေ့တွင် ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့ နှုတ်ဖြေ စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။

                                

၁၀။    ဖြေဆိုခွင့်ကတ်ပြားများကို (၁၀-၁၂-၂၀၂၅) ရက်နေ့၊ (၁၁-၁၂-၂၀၂၅) ရက်နေ့နှင့် (၁၂-၁၂-၂၀၂၅) ရက်နေ့များ၌ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်စီမံရေးရာဌာနခွဲ၊ အုပ်ချုပ်ရေးဌာနစုတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)၊ ဘွဲ့လက်မှတ် (မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)များနှင့်မိမိလျှောက်ထားသည့် ရာထူးနှင့် သက်ဆိုင်သော စာရွက်စာတမ်းအထောက်အထားများနှင့်အတူ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး  မပါရှိပါက ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည် မဟုတ်ပါ။

 

၁၁။     အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇၃-၄၀၉၆၈၂၊ ၀၆၇၃-၄၀၉၆၉၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

 

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

Loader Loading…
EAD Logo Taking too long?

Reload Reload document
| Open Open in new tab

Download [169.84 KB]

Admin

Admin

Top