သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ရော့စ်ကွန်ဂရက်စ်ငွေကြေးရန်ပုံငွေအဖွဲ ညွှန်ကြားရေးမှူး Mr. Alexander Sergeevich Shatirov ဦးဆောင်သော ကိုယ်စားလှယ်အဖွဲအား ယနေ့ဒေသစံတော်ချိန် မွန်းလွဲပိုင်းတွင် စိန့်ပီတာစဘတ်မြိုရှိ EXPOFORUM Convention and Exhibition Centre ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ဓာတ်သတ္တုတူးဖော်ရေးကဏ္ဍနှင့် အခြားကဏ္ဍများ ပူးပေါင်း ဆောင်ရွက် သွားမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
