သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ဒုတိယအကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၅ ခုနှစ် မိုးရာသီ ဒုတိယ အကြိမ် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ အောက်ဆင်သေကြိုးဝိုင်း၊ အကွက်အမှတ် ၃၀ ရှိ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) ဧက အတွင်း ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနမှ အရာထမ်း အမှုထမ်းများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ ကျောက်မျက်အသင်းမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၃၅၀ ဦး တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ် ပျဉ်းကတိုးပင်အား သတ်မှတ်နေရာတွင် ဦးဆောင် စိုက်ပျိုးပေးပြီး၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာသူများက အထိမ်းအမှတ် သစ်ပင်များ အား သတ်မှတ်နေရာများတွင် ဆက်လက်စိုက်ပျိုးပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာသူများက ပျိုးပင်များ စိုက်ပျိုးနေမှုအား လှည့်လည် ကြည့်ရှု အားပေးသည်။ ယခု သစ်ပင်စိုက်ပျိုးပွဲတွင် ပျဉ်းကတိုး၊ ပိတောက်၊ တမလန်း၊ မဟော်ဂနီ၊ ယမနေ သစ်မျိုးများအပါအဝင်  စုစုပေါင်းသစ်မျိုး (၂၁) မျိုးဖြင့် ပျိုးပင် (၃၅၀)ပင် အား လူထုလှုပ်ရှားမှု အသွင်ဖြင့် စိုက်ပျိုးကြသည်။ ဆက်လက်၍ စိုက်ခင်းရှင်းလင်းဆောင်တွင် ဂေဟစနစ်ဖြည့်တင်းရေး စိုက်ခင်းများ၏ စိုက်ခင်းဆိုင်ရာအချက်အလက်များနှင့်ပက်သက်၍ တာဝန်ရှိသူများက ရှင်းလင်း တင်ပြရာ ပြည်ထောင်စုဝန်ကြီးက သစ်တောနယ်မြေများအတွင်း စီးပွားရေးစီမံကိန်းများကြောင့် မူလသဘာဝ‌ဂေဟစနစ်များ ထိခိုက်ယိုယွင်းနိုင်သဖြင့် ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်ဆိုင်ရာ ဝန်ဆောင်မှုများ ပြန်လည်ကောင်းမွန်လာစေရန်အတွက် ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်းများ တိုးချဲ့ တည်ထောင်ခြင်းကို ဌာနနှင့်လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း မှာကြားပြီး စိုက်ခင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အောက်ဆင်သေကြိုးဝိုင်းအတွင်း တည်ထောင်ထားရှိ သော ၂၀၂၄ ကျေးရွာထင်းစိုက်ခင်း (၁၀၀) ဧက၊ ၂၀၂၅ ကျေးရွာထင်းစိုက်ခင်း (၁၀၀)ဧက နှင့် ၂၀၂၄ ‌ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း (၁၀၀) တို့၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှု စစ်ဆေး ပြီးလိုအပ်သည်များ မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

Loading

Admin

Admin

Top