သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၉) တွင် AI Power Personal Growth & Cyber Security Awareness သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
သင်တန်းတွင် Introduction to AI Concepts and Potential, Invisible AI in Daily Activities, AI Tools and Their Practical Applications, Safe AI Utilization, AI for Digital Transformation, PC/Device & Network Security, Security Types, Objective, Vulnerable & Threat, Types of Hacker & Why they Attacked, Email & Phishing Awareness, Vulnerable Devices, Online Platforms Used by Attackers, Social Engineering Awareness, How to Prevent, Backup & Disaster Recovery, Security Tools and Best Practices ဘာသာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းသို့ ပြည်ထောင်စုဝန်ကြီးရုံး၊ သတ္တုတွင်းဦးစီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အမှတ်(၁) သတ္တုတွင်းလုပ်ငန်း၊ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေး လုပ်ငန်း၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း တို့မှ သင်တန်းသား/ သင်တန်းသူ (၂၆) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၁၅-၉-၂၀၂၅ ရက်နေ့မှ ၂၆-၉-၂၀၂၅ ရက်နေ့အထိ ရက်သတ္တပတ် (၂) ပတ် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။









