ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန
ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်း ရာထူး (၂၀)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည် –
|
စဉ် |
ရာထူး/လစာနှုန်း |
ရာထူးနေရာ |
အနိမ့်ဆုံးပညာ အရည်အချင်း |
|
(က) |
ဘူမိဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) |
(၁၀)နေရာ |
သိပ္ပံဘွဲ့(ဘူမိဗေဒ) |
|
(ခ ) |
ဘူမိဓာတုဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား/အမျိုးသမီး) |
(၃)နေရာ |
သိပ္ပံဘွဲ့(ဘူမိဗေဒ/ ဓာတုဗေဒ) |
|
(ဂ ) |
ဘူမိရူပဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) |
(၂)နေရာ |
သိပ္ပံဘွဲ့(ဘူမိဗေဒ/ ရူပဗေဒ) |
|
(ဃ) |
အငယ်တန်းအင်ဂျင်နီယာ(၂) (လွန်တူး) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) |
(၄)နေရာ |
B.Tech (Mining/ (Mech;), A.G.T.I (Mining/ (Mech;) |
|
(င ) |
စာရင်းကိုင်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား/အမျိုးသမီး) |
(၁)နေရာ |
B.Com (or) B.Act (or) B.Econ(Stat;) (or) B.Econ(Eco;) |
၂။ အထက်ဖော်ပြပါရာထူးနေရာများအတွက် လျှောက်ထားသူများသည် –
(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်၊
(ခ ) ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး အသက် (၃၀)နှစ်မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ် မကျော်လွန်သူဖြစ်ပြီး လက်ရှိဌာနအကြီးအမှူး၏ ခွင့်ပြုချက်မူရင်းပါရှိရမည်။
(ဂ ) ကျန်းမာရေးကောင်းမွန်ပြီး နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူ ဖြစ်ရမည်။
(ဃ) ဦးစီးဌာနတွင် တစ်ဆက်တည်း အနည်းဆုံး (၅)နှစ် တာဝန်ထမ်းဆောင်ရန် ဝန်ခံကတိပြု လက်မှတ်ရေးထိုးရမည်။
(င ) အခြားဝန်ထမ်းအဖွဲ့အစည်းများမှ လျှောက်ထားသူများသည် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်း အကြီးအမှူး၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။
(စ ) အစိုးရဌာနတစ်ခုခု၏ ဝန်ထမ်းအဖြစ်မှထုတ်ပစ်ခြင်း(Dismissal)၊ ရာထူးမှ ထုတ်ပယ်ခြင်း(Removal) ခံရသူများ၊ ရာထူးခန့်ထားခြင်းမှ အမိန့်စာ ပယ်ဖျက်ခံရသူများ လျှောက်ထားခွင့်မရှိပါ။
၃။ လျှောက်လွှာတွင် အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရမည် –
(က) အမည် –
(ခ ) နိုင်ငံသားစိစစ်ရေးကတ်အမှတ် –
(ဂ ) မွေးသက္ကရာဇ်၊ အသက် –
(ဃ) လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ –
(င ) ပညာအရည်အချင်း၊ အောင်မြင်သည့်ခုနှစ်နှင့် အောင်မြင်ခဲ့သည့်ကျောင်း –
(စ ) လျှောက်ထားလိုသည့်ရာထူး –
(ဆ) မိဘအမည်နှင့်နိုင်ငံသားစိစစ်ရေးကတ်အမှတ်နှင့်၎င်းတို့၏ အလုပ်အကိုင် –
(ဇ ) ဝန်ထမ်းဖြစ်လျှင် အလုပ်အကိုင်၊ ဌာနနှင့်လုပ်သက် –
(ဈ ) ဝန်ထမ်းမဟုတ်လျှင် အလုပ်သမားမှတ်ပုံတင်အမှတ် –
(ည) ဆက်သွယ်ရန် နေရပ်လိပ်စာအပြည့်အစုံ၊ ဖုန်းနံပါတ်နှင့် E-mail –
၄။ လျှောက်လွှာနှင့်အတူ သက်ဆိုင်ရာ ရာထူးအလိုက် လိုအပ်သည့် အောက်ပါစာရွက် စာတမ်းများ ပူးတွဲပါရှိရမည် –
(က) နိုင်ငံသားစိစစ်ရေးကတ်မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆)မိတ္တူ
(ခ ) ပညာအရည်အချင်းအောင်လက်မှတ်မိတ္တူ၊ အသက်အထောက်အထားအတွက် တက္ကသိုလ်ဝင်တန်းအောင် လက်မှတ်မိတ္တူ၊ (လူတွေ့ဖြေဆိုချိန်တွင် မူရင်း တင်ပြရမည်)
(ဂ ) နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက သက်တမ်းရှိ အလုပ်သမား မှတ်ပုံတင်ကတ်ပြား မိတ္တူ၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်း၏ ခွင့်ပြုချက်မူရင်း
(ဃ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ရိုက်ကူးထားသော (၁.၅” X ၁.၇၅”) နောက်ခံ အပြာရောင် ရောင်စုံလိုင်စင်ဓာတ်ပုံ (၃)ပုံ (နောက်ကျောတွင် အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားဖော်ပြရမည်)
(င ) လျှောက်လွှာပိတ်ရက်မတိုင်မီ (၁)လအတွင်း ထုတ်ပေးထားသော အကျင့်စာရိတ္တ ကောင်းမွန်ကြောင်း သက်ဆိုင်ရာရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်နှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်း၏ ထောက်ခံချက် မူရင်း။
(စ ) နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအတွက် (၁)လအတွင်း ပြုလုပ်ထားသော ကျန်းမာရေး ကောင်းမွန်ကြောင်း ဆေးထောက်ခံစာမူရင်း။
(ဆ) အခြားကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံရှိပါက ခိုင်လုံသော အထောက်အထား မိတ္တူများ။
(ဇ ) စာမေးပွဲ ဝင်ကြေးငွေ ကျပ် ၁၀၀ဝိ/- ပေးသွင်းထားသည့် ငွေသွင်းချလန် မူရင်း။
၅။ လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) www.mining.gov.mm တွင်ရယူ၍ လည်းကောင်း၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ရုံးအမှတ်(၁၉)(B)၊ နေပြည်တော်တွင်လည်းကောင်းအခမဲ့လာရောက်ထုတ်ယူ၍ လျှောက်လွှာပါအချက်အလက် များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်လျှောက်ထားရမည်ဖြစ်ပါသည်၊ လျှောက်လွှာများကို ညွှန်ကြားရေးမှူးချုပ်၊ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ရုံးအမှတ်(၁၉)(B)၊ နေပြည်တော်သို့ လိပ်မူပြီး လူကိုယ်တိုင်သော်လည်းကောင်း၊ စာတိုက်မှမှတ်ပုံတင်၍သော် လည်းကောင်း၊ (၈-၁၂-၂၀၂၅) ရက်နေ့အရောက် နောက်ဆုံးထားပေးပို့ လျှောက်ထားရပါမည်၊ လျှောက်လွှာပိတ်ရက်ထက် ကျော်လွန်ပေးပို့လာသော လျှောက်လွှာများ၊ အချက်အလက် မပြည့်စုံသော လျှောက်လွှာများ၊ သတ်မှတ်အရည်အချင်းနှင့်မကိုက်ညီသူများကို လက်ခံ ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၆။ စာမေးပွဲဝင်ကြေး ကျပ် ၁၀၀ဝိ/- (ကျပ်တစ်ထောင်တိတိ)ကို နီးစပ်ရာ မြန်မာ့စီးပွားရေး ဘဏ်မှတစ်ဆင့် နေပြည်တော် မြန်မာ့စီးပွားရေးဘဏ်ရှိ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာန၊ ငွေစာရင်းအမှတ် MD-011070 သို့ ပေးသွင်းရမည်ဖြစ်ပြီး စာရင်း အမှတ်အောက်ရှိ ကွက်လပ်တွင် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ လျှောက်ထားမည့် ရာထူးအမည်ဖော်ပြပြီး စာမေးပွဲဝင်ကြေးပေးသွင်းခြင်းဟု ဖော်ပြ၍ ပေးသွင်းရမည်ဖြစ်ပါသည်။
၇။ နိုင်ငံ့ဝန်ထမ်းဖြစ်ပါကလျှောက်လွှာပုံစံ(၁)စုံအား သက်ဆိုင်ရာဝန်ကြီးဌာန/ အဖွဲ့အစည်း၏ ခွင့်ပြုချက်ဖြင့် ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနသို့ ပေးပို့လျှောက်ထားရမည်။
၈။ ဖြေဆိုခွင့်ရရှိသူ အမည်စာရင်းနှင့် ခုံအမှတ်တို့ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) www.mining.gov.mm နှင့် ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ဌာနကြော်ငြာသင်ပုန်းတွင် ကြေညာ ပေးထားမည်ဖြစ်သည်။
၉။ လျှောက်ထားသူများသည်မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတနှင့် သက်ဆိုင်ရာဘာသာရပ်မေးခွန်းများကို (၁၄-၁၂-၂၀၂၅) ရက်နေ့တွင် ရေးဖြေစာမေးပွဲ စစ်ဆေးမည်ဖြစ်ပြီး ရေးဖြေစာမေးပွဲ အောင်မြင်သူများကိုသာ လူတွေ့ နှုတ်ဖြေ စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ပါသည်။
၁၀။ ဖြေဆိုခွင့်ကတ်ပြားများကို (၁၀-၁၂-၂၀၂၅) ရက်နေ့၊ (၁၁-၁၂-၂၀၂၅) ရက်နေ့နှင့် (၁၂-၁၂-၂၀၂၅) ရက်နေ့များ၌ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ အုပ်ချုပ်ရေးနှင့်စီမံရေးရာဌာနခွဲ၊ အုပ်ချုပ်ရေးဌာနစုတွင် ရုံးချိန်အတွင်း လူကိုယ်တိုင် လာရောက်ပြီး တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်(မူရင်း)၊ ဘွဲ့လက်မှတ် (မူရင်း)၊ နိုင်ငံသားစိစစ်ရေးကတ်(မူရင်း)များနှင့်မိမိလျှောက်ထားသည့် ရာထူးနှင့် သက်ဆိုင်သော စာရွက်စာတမ်းအထောက်အထားများနှင့်အတူ လာရောက်ထုတ်ယူရမည်ဖြစ်ပြီး မပါရှိပါက ဖြေဆိုခွင့်ကတ်ပြား ထုတ်ပေးမည် မဟုတ်ပါ။
၁၁။ အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်၊ ၀၆၇၃-၄၀၉၆၈၂၊ ၀၆၇၃-၄၀၉၆၉၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန
ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန
