၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း(၅) (လစာနှုန်း၊ ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ)၊ ရုံးအကူ/စာပို့နှင့် သန့်ရှင်းရေး အကူ (လစာနှုန်း၊ ၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး (၈)နေရာအတွက် လျှောက်လွှာ ခေါ်ယူခြင်း ဖြစ်ပါသည် – စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) ယာဉ်မောင်း(၅) ၁ အခြေခံပညာအလယ်တန်းအောင်ရမည်။ ယာဉ်မောင်းလိုင်စင်(ခ)ရှိပြီး သက်တမ်းအနည်းဆုံး (၁)နှစ် ရှိရမည်။ (ခ) ရုံးအကူ/စာပို့ ၅ အခြေခံပညာအလယ်တန်းအောင်ရမည်။ (ဂ) သန့်ရှင်းရေးအကူ ၂ မြန်မာစာကို ကောင်းစွာ ရေးဖတ်တတ်ရမည်။ ၂။ အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူများသည် လျှောက်လွှာပုံစံနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံးတွင် (၁၈-၁၂-၂၀၂၅) ရက်နေ့ ရုံးချိန်အရောက်နောက်ဆုံးထား ပေးပို့လျှောက်ထားရ ပါမည်။ ၃။ ဖြေဆိုခွင့်ရရှိသူအမည်စာရင်းနှင့် ခုံအမှတ်တို့ကို […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၆/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၁၂-၁၂-၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော်၊ ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။ ဒုတိယဝန်ကြီးက မကြာခင်ကာလအတွင်း ၂၀၂၅ ခုနှစ် နှစ်ဟောင်းကုန်ဆုံး၍ ၂၀၂၆ ခုနှစ် နှစ်သစ်သို့ ရောက်ရှိတော့မည်ဖြစ်သောကြောင့် အရာထမ်း၊ အမှုထမ်းများအနေဖြင့် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ရှိ ခရိုင်အားကစားကွင်းသို့ ရောက်ရှိရာ ခရိုင်အဆင့်မီရန် မြှင့်တင်ဆောင်ရွက်မည့် မီတာ ၄၀၀ ပြေးလမ်းပါ ဘောလုံးကွင်းနှင့် ပွဲကြည့်စင်တို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးသည်။ ယနေ့ နံနက်ပိုင်းတွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေကို ဒေသခံများအားတွေ့ဆုံ၍ ရှင်းလင်းပြောကြားသည့် အခမ်းအနားကို မင်းဘူးမြို့၊ ဦးဩဘာသ မြို့တော်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက သစ်တောသစ်ပင်များသည် ကမ္ဘာကြီးပူနွေးလာမှု၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှု၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်မှုများကို လျှော့ချကာကွယ်ရေး၊ သဘာဝ ဘေးအန္တရာယ်များ […]
အသေးစိတ်ကို Download ရယူကြည့်ရှုနိုင်ပါသည်။
အသေးစိတ်ကို Download ရယူကြည့်ရှုနိုင်ပါသည်။
အသေးစိတ်ကို Download ရယူကြည့်ရှုနိုင်ပါသည်။
အသေးစိတ်ကို Download ရယူကြည့်ရှုနိုင်ပါသည်။
၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ ယနေ့တွင် ပြပွဲနဝမနေ့က ဖွင့်ဖောက်စစ်ဆေးထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၆၈၅ တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ၆၆၁ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။ ယခုကျင်းပသည့် ၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအတွင်း ပုလဲအတွဲပေါင်း ၄၈၉ တွဲအနက်မှ ပုလဲအတွဲပေါင်း ၄၄၃ တွဲ၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ တွဲအနက်မှ ကျောက်မျက်အတွဲပေါင်း ၆၇ တွဲ၊ အုပ်စု (အေနှင့်ဘီ)တို့မှ ကျောက်စိမ်းအတွဲပေါင်း ၂၉၀၀ တွဲအနက်မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၁၀ တွဲ၊ အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲပေါင်း ၂၁၈၅ တွဲအနက်မှ ကျောက်စိမ်း အတွဲပေါင်း […]
