ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ၁၂-၇-၂၀၂၅ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်၊ စည်ပင်သာယာရေးကော်မတီရုံး အနောက်ဘက်ရှိ ငလိုက်ရာဘာ ရေလွှဲဆည်၌ ကျင်းပသည်။ အခမ်းအနားသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်ပြီး ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန် ဦးလှမောင်သိန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် အရာထမ်း အမှုထမ်းများ စုစုပေါင်း ၂၅၀ ဦး တက်ရောက်ခဲ့ ကြသည်။ ၂၀၂၅ ခုနှစ် မိုးရာသီ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားတွင် ငါးခုံးမနှင့် ငါးမြစ်ချင်း ငါးမျိုး(၂)မျိုး၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၀၀၀ ကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ ကြသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် သဘာဝ ရေပြင်များ အတွင်း ရေသယံဇာတများ ပေါကြွယ်ဝစေရေး၊ […]
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
မြန်မာနိုင်ငံတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ မိုးခေါင်ရေရှားမှုနှင့် ပြင်းထန်သည့် အပူချိန်မြင့်တက်မှုများကို အဓိကရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးတို့သည့် မိုးနည်းသည့်ဒေသများဖြစ်ပြီး အပူဒဏ်ကိုအများဆုံး ထိတွေ့ ခံစားရသည့် ဒေသများဖြစ်သည်။ သို့ဖြစ်ပါ၍ ရာသီဥတုပြောင်းလဲမှုနှင့် မိုးခေါင်ရေရှားမှုတို့ကို သဘာဝအခြေပြု ဖြေရှင်းနည်းဖြစ်သည့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ လေကာတန်းများ စိုက်ပျိုးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးနည်းစနစ်များ ကျင့်သုံးခြင်း၊ ရေအရင်းအမြစ်များ စနစ်တကျစီမံခြင်း စသည့်နည်းလမ်းများဖြင့် ဖြေရှင်းဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်သည့်အနေဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အပူပိုင်းဒေသ (၁၃) ခရိုင်အတွင်းရှိ မြို့နယ် ၂၉ မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲတော်များကို ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ သတ်မှတ်နေရာများ အသီးသီး၌ တစ်ချိန်တည်းတစ်ပြိုင်တည်း ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့ပူးပေါင်း၍ အပူပိုင်းဒေသ(၁၃)ခရိုင် သစ်ပင်စိုက်ပျိုးပွဲကို ၁၁-၇-၂၀၂၅ ရက်၊ သောကြာနေ့၊ နံနက် ၀၇◌း၀၀ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်း မိုင်တိုင် ၂၆/၆ တွင် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက် အမှာစကားပြောကြားခဲ့သည်။ သစ်ပင်စိုက်ပျိုးပွဲသို့ ကျောက်ပန်းတောင်း တပ်နယ်မှူး ဗိုလ်မှူကြီးဝင်းကျော်သူ၊ မန္တလေးတိုင်း ဒေသကြီး၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဝင်းအောင်၊ ညောင်ဦး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ကျောင်းသား/ကျောင်းသူများ၊ ဒေသခံပြည်သူများ စုစုပေါင်း ၃၀၀၀ ဦး တက်ရောက်ကြပါသည်။ သစ်ပင်စိုက်ပွဲတွင် ဒုတိယဝန်ကြီးမှ ခရိုင်မီးသတ်ဦးစီးမှူး ဦးမင်းသိန်းထွန်းအားလည်းကောင်း၊ ကျောက်ပန်းတောင်တပ်နယ်မှူး ဗိုလ်မှူးကြီးဝင်းကျော်သူမှ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန […]
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ ၉-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၊ ကျောက်ပန်းတောင်း-ညောင်ဦးကားလမ်းဘေး တပင်ကန်အနီးရှိ ၂၀၂၅ ခုနှစ်တွင် စိုက်ပျိုးထားသော သစ်တောစိုက်ခင်းအား ကြည့်ရှု စစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးချို-ချောက် ကားလမ်းဘေး ဆင်ကကြိုးပြင်ကာကွယ်တောတွင် ၂၀၂၅ ခုနှစ် မိုးရာသီ လူထု လှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေ အားကြည့်ရှုစစ်ဆေးပြီး ဂွေးချို-ချောက် ကားလမ်း ဘေးရှိ အထူးစိမ်းလန်းစိုပြည်ရေးဇုန် ဧရိယာ (Greening Complex Zone)အား ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် […]
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် အတူ ၈-၇-၂၀၂၅ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ရှိ အစိုးရစက်မှု လက်မှုသိပ္ပံကျောင်းဝန်းအတွင်း ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှု အသွင်ဖြင့် သစ်ပင်စိုက်ပျိုး ပွဲတော် ကျင်းပပြုလုပ်မည့်နေရာအား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်း မိုင်တိုင်အမှတ် ၃၁၄/၀ အနီးရှိ ၂၀၂၅ခုနှစ်တွင် စိုက်ပျိုးထားသော မိုးရာသီသစ်မျိုးစုံစိုက်ခင်း အောင်မြင်ဖြစ်ထွန်းနေမှု အခြေအနေနှင့် သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင် ဆောင်ရွက်နေသည့် လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည် များကို မှာကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာမြို့နယ်၊ လိန်တောကြိုးပြင် ကာကွယ် […]
