သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောနှင့် ပတ်ဝန်းကျင် ဆိုင်ရာတက္ကသိုလ်၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်ကြိုဆိုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားအား ၇-၁-၂၀၂၆ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ တက္ကသိုလ်များနယ်မြေ (ရေဆင်း)၊ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြ သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံတွင် မတူညီသော သဘာဝသစ်တော သစ်ပင်များ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ ဂေဟစနစ်များနှင့် သစ်တောမျိုးစုံ ရှင်သန်ပေါက်ရောက်နေပြီး နိုင်ငံ၏ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးတို့တွင် အရေးကြီးသော ကဏ္ဍမှ ပါဝင်နေသည့် အတွက် ရေရှည်တည်တံ့အောင် ထိန်းသိမ်းရန်လိုအပ်ကြောင်း၊ […]

Top