သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးသည် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ၂၀၂၆ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ ရှင်းလင်းဆောင်တွင် ဒုတိယဝန်ကြီးမှ ပြတိုက်တည်ဆောက်နေမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် အဆောက်အဦ တည်ဆောက်ရေးတာဝန်ခံ အင်ဂျင်နီယာများမှ ပြင်ဆင်ပြီးစီးမှု အခြေအနေများအား ဆက်လက်ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက အဆောက်အဦအား သတ်မှတ်ကာလအတွင်း အချိန်မီ ပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီရေးတို့ကို လမ်းညွှန်မှာကြားပြီး မြန်မာ့ကျောက်မျက် ရတနာပြတိုက် (နေပြည်တော်) အကြီးစားပြုပြင်တည်ဆောက်နေမှုတွင် လုပ်ငန်းအလိုက် ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။