The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

November 9, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း

သတင်း ကြေညာချက်များ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အမှုထမ်းရာထူး (၂၁)နေရာ ကျွမ်းကျင်(၂) (ဓာတ်ခွဲ) လစာနှုန်း (၂၁၆၀၀၀-၂၀၀၀-၂၂၆၀၀၀) (အမျိုးသား) (၂)နေရာ၊ အငယ်တန်းစာရေး လစာနှုန်း (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (အမျိုးသား/ အမျိုးသမီး) (၂)နေရာ၊ ယာဉ်မောင်းစက်ပြင်(၄) လစာနှုန်း (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (အမျိုးသား) (၂)နေရာ၊ စက်မှုကျွမ်းကျင်(၄) (လွန်တူး) လစာနှုန်း (၁၈၀၀၀၀-၂၀၀၀-၁၉၀၀၀၀) (အမျိုးသား/ အမျိုးသမီး) (၆)နေရာ၊ စက်မှုကျွမ်းကျင်(၅) လစာနှုန်း (၁၆၂၀၀၀-၂၀၀၀-၁၇၂၀၀၀) (၇)နေရာ၊ ရုံးအကူ လစာနှုန်း (၁၄၄၀၀၀-၂၀၀၀-၁၅၄၀၀၀) (၂)နေရာ တို့အား အရည်အချင်းနှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။

လျှောက်ထားလိုသူများသည် လျှောက်လွှာပုံစံများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ www.mining.gov.mm တွင်လည်းကောင်း၊ ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တု ရှာဖွေရေးဦးစီးဌာနတွင်လည်းကောင်း အခမဲ့ လာရောက်ထုတ်ယူနိုင်ပါသည်။

အသေးစိတ်သိလိုပါက တယ်လီဖုန်းအမှတ်- ၀၆၇၃-၄၀၉၆၈၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

CV Form Download