သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (၃၅) ကြိမ်မြောက် ဝန်ထမ်းမိသားစု စုပေါင်း မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကျင်းပ ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃၁) ရက် (သောကြာနေ့)

          မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊  တန်ဆောင်မုန်းလဆန်း (၁၁) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် (သောကြာနေ့)၌  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အမှူးထား၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ (၃၅) ကြိမ်မြောက် ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို နံနက် (၀၉:၄၅) အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၁၉)ရှိ သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အခမ်းအနား နံနက်ပိုင်းတွင် ဓမ္မစကြာဝတ်ရွတ်အဖွဲ့များမှ ဓမ္မစကြာဝတ်ရွတ်ပူဇော်ခြင်း ပြုလုပ်သည်။ ပြီးနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ် ညီညာဖျဖျ ရွတ်ဆိုဖွင့်လှစ်ပါသည်။ ထို့နောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုများက ငါးပါးသီလ ခံယူဆောက်တည်ကြပါသည်။ ဆက်လက်၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်အား ကထိန်လျာသင်္ကန်းနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းသည်။

          ၎င်းနောက် ဒုတိယဝန်ကြီး ဦးမင်းသူက ပဏ္ဍိတာရာမ စာသင်တိုက်ဆရာတော်အား ကထိန်လျာ သင်္ကန်းနှင့် နဝကမ္မ အလှူငွေများကိုလည်းကောင်း၊ သတ္တုတွင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်သက်က အောင်သိဒ္ဓိကျောင်းတိုက် ဆရာတော်အား ကထိန်လျာသင်္ကန်းနှင့် နဝကမ္မအလှူငွေ များကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်တို့က ကျန်ရှိသော ဆရာတော်၊ သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် နဝကမ္မအလှူငွေများကို ဆက်ကပ်ကြပါသည်။ ဆက်လက်၍ တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်များမှ ပရိတ် တရားတော်များကို ချီးမြှင့်ပေးပြီး တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်မှ  ကထိန်အလှူတော်မင်္ဂလာနှင့်ပတ်သက်သည့် အနုမောဒနာတရားတော်များ၊ ရေစက်သွန်းချ တရားတော် များအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

          သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်၊ (၃၅) ကြိမ်မြောက် ဝန်ထမ်းမိသားစု ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနား အောင်မြင်စွာ ကျင်းပပြီးဖြစ်၍ “ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးများနှင့်တကွ သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

Admin

Admin

Top