ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဝန်ထမ်းလျှောက်လွှာ ခေါ်ယူခြင်း

၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးတွင် လစ်လပ်လျက်ရှိသော ယာဉ်မောင်း(၅) (လစာနှုန်း၊ ၁၆၂၀၀ဝိ-၂၀၀ဝိ-၁၇၂၀၀ဝိ)၊ ရုံးအကူ/စာပို့နှင့် သန့်ရှင်းရေး အကူ (လစာနှုန်း၊ ၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး (၈)နေရာအတွက် လျှောက်လွှာ ခေါ်ယူခြင်း ဖြစ်ပါသည်  –

စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း
(က) ယာဉ်မောင်း(၅) အခြေခံပညာအလယ်တန်းအောင်ရမည်။ ယာဉ်မောင်းလိုင်စင်(ခ)ရှိပြီး သက်တမ်းအနည်းဆုံး (၁)နှစ် ရှိရမည်။
(ခ) ရုံးအကူ/စာပို့ အခြေခံပညာအလယ်တန်းအောင်ရမည်။
(ဂ) သန့်ရှင်းရေးအကူ မြန်မာစာကို ကောင်းစွာ ရေးဖတ်တတ်ရမည်။

၂။       အထက်ဖော်ပြပါ ရာထူးနေရာအတွက် လျှောက်ထားသူများသည် လျှောက်လွှာပုံစံနှင့်အတူ ပြည်ထောင်စုဝန်ကြီးရုံးတွင် (၁၈-၁၂-၂၀၂၅) ရက်နေ့ ရုံးချိန်အရောက်နောက်ဆုံးထား ပေးပို့လျှောက်ထားရ ပါမည်။

၃။      ဖြေဆိုခွင့်ရရှိသူအမည်စာရင်းနှင့် ခုံအမှတ်တို့ကို ကြော်ငြာသင်ပုန်းတွင် ကြေညာပေးထားမည် ဖြစ်သည်။

၄။      လျှောက်ထားသူသည် မြန်မာစာနှင့် အထွေထွေဗဟုသုတ ဘာသာရပ်မေးခွန်းတို့အား (၂၂-၁၂-၂၀၂၅) ရက်နေ့တွင် စစ်ဆေးခံရမည်ဖြစ်ပြီး အောင်မြင်သူကိုသာ (၂၃-၁၂-၂၀၂၅)ရက်နေ့တွင် လူတွေ့နှုတ်ဖြေ စစ်ဆေးမည် ဖြစ်သည်။

၅။      ဖြေဆိုခွင့်ကတ်ပြားများကို (၂၁-၁၂-၂၀၂၅) ရက်နေ့တွင် ထုတ်ယူရမည် ဖြစ်ပါသည်။

၆။      အသေးစိတ်သိရှိလိုပါက ဖုန်း-၀၆၇-၄၀၉၃၈၆ နှင့် ၀၆၇-၄၀၅၀၇၂ သို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

Admin

Admin

Top