ညောင်ရွှေမြိုနယ် အင်းလေးကန် ပတ်လည်တွင် မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှု စစ်ဆေး

            သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သစ်တောဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်း ဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတိုမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများသည် ညောင်ရွှေမြိုနယ် အင်းလေးကန် ပတ်လည်တွင် မြေအသုံးချမှု ပြောင်းလဲမှုများအား ဝေဟင်မှ ကြည့်ရှုစစ်ဆေးရန် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ ချက်နိုင်ငံထုတ် Let L 410 အမျိုးအစား သယ်ယူ ပိုဆောင်ရေး လေယာဉ်ဖြင့် ထွက်ခွာလာကြရာ ဟဲဟိုးလေဆိပ်သို ရောက်ရှိကြသည်။

            ဟဲဟိုးလေဆိပ်၌ ရှမ်းပြည်နယ် သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများ ၊ ပြည်နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ရှမ်းပြည်နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများက ညောင်ရွှေ မြိုနယ်၊ အင်းလေးကန်တစ်ဝိုက်အား ဝေဟင်မှ လှည့်လည်ကြည့်ရှု စစ်ဆေးမည့်အချက် အလက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြသည်။

            ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲသည် ညောင်ရွှေမြိုနယ်အတွင်းရှိ သစ်တောမြေ ဖြစ်သော ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အခြားမြေ အသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံ ခန့်ခွဲပိုင်ခွင့်ရှိသော မြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများအား ရဟတ်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

            ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲသည် ဟဲဟိုးလေဆိပ်မှ ချက်နိုင်ငံထုတ် သယ်ယူပိုဆောင်ရေး လေယာဉ်ဖြင့် ပြန်လည်ထွက်ခွာလာရာ မွန်းလွဲပိုင်းတွင် နေပြည်တော်လေဆိပ်သို ပြန်လည်ရောက်ရှိခဲ့ကြသည်။

            သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အနေဖြင့် ညောင်ရွှေ မြိုနယ်အတွင်း သစ်တောဖုံးလွှမ်းမှု တိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျ စီမံအုပ်ချုပ်ခြင်း၊ အင်းလေးကန် ရေဝေရေလဲ ထိန်းသိမ်းရေးနှင့် စိမ်းလန်းစိုပြေရေးအတွက် သစ်တော စိုက်ခင်းများ တည်ထောင်ခြင်းတိုအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကျူးကျော် အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျ မှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက် သွားမည်ဖြစ်သည်။

            သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တော ထိန်းသိမ်းရေး လုပ်ငန်းများ၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးလုပ်ငန်းများနှင့် တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီး ကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာကြီးကြပ် ဆောင်ရွက်နိုင်ရန်အတွက် ဝေဟင်မှ ကြည့်ရှုစစ်ဆေးခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိသည်။

Admin

Admin

Top