ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E. Ms. Ma Jia အား ယနေ့ နံနက်ပိုင်းတွင် ရုံးအမှတ် (၂၈)၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံး ဧည့်ခန်းမတွင် လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ရှိရင်းစွဲ သံတမန်ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှု တိုးတက်ခိုင်မာစေရေး၊ နှစ်နိုင်ငံ သတ္တု၊ သစ်တောနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ဖွံဖြိုးတိုးတက်ရေးအတွက်ပူးပေါင်းဆောင်ရွက်ရေး၊ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးနှင့်  လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ကြသည်။

တွေ့ဆုံပွဲသို့  ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဦးခင်လတ်ကြီး၊ ဒေါက်တာသောင်းနိုင်ဦးနှင့် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ တရုတ်သံရုံးမှတာဝန် ရှိသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

Admin

Admin

Top