၂၀၂၅ ခုနှစ်၊ (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲပထမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။           နံနက်ပိုင်းမှ စတင်၍ ပြည်တွင်းပြည်ပ ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း အချောထည်အတွဲများ၊ ကျောက်မျက် လက်ဝတ်ရတနာအတွဲများ၊ ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းရိုင်းအတွဲများနှင့် ကျောက်မျက်ရိုင်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်း တင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။           ယခုပြပွဲကို နိုဝင်ဘာ ၁၇ ရက်မှ ၂၆ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ စုစုပေါင်း ၅၀၈၅ တွဲ၊ ကျောက်မျက်ရိုင်းအတွဲ ၁၃ တွဲနှင့် ကျောက်မျက် လက်ဝတ်ရတနာအတွဲ ၁၄၇ […]

          (၆၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။         အခမ်းအနားသို့ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့် တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။           ဦးစွာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် မြန်မာ့ပုလဲများ ထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက် ရတနာပစ္စည်းများ ထုတ်လုပ်မှုနှင့် (၆၀)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ […]

ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၅ ခုနှစ်၊ မေလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –  

          ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ ယနေ့တွင် ပြပွဲ နဝမနေ့၌ ဖွင့်ဖောက်စစ်ဆေးထားသည့် ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့် ရှိသော အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ( ၄၀၆၀ ) မှ အတွဲအမှတ် ( ၄၈၀၀ ) အထိ ကျောက်စိမ်း အတွဲပေါင်း ( ၇၄၁ ) တွဲအနက် ကျောက်စိမ်းအတွဲပေါင်း ( ၇၁၄ ) တွဲကို ရောင်းချရကြောင်း ကြေညာသည်။ ယခုကျင်းပသည့် ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မဏိရတနာ ကျောက်စိမ်းခန်းမ၌ နိုဝင်ဘာ ၁၈ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြပွဲတွင် ပုလဲ အတွဲပေါင်း( ၂၈၀ […]

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် MSME လုပ်ငန်းရှင်များကို အားပေး မြှင့်တင်ရန်ရည်ရွယ်၍ ပြည်တွင်းရတနာကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့်  အုပ်စု(စီ)မှ ကျောက်စိမ်း အတွဲပေါင်း (၆၉၄) တွဲကို ပြပွဲ နဝမနေ့တွင် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရကြောင်း သိရသည်။ ထို့ပြင် မဏိရတနာကျောက်စိမ်းခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသ ထားသည့်  အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် ၄၀၆၀ မှ ၄၈၀၀ ထိ ကျောက်စိမ်း အတွဲပေါင်း ၇၄၁ တွဲကို ပြည်တွင်းရတနာကုန်သည်များက  စိတ်ကြိုက်လေ့လာကြည့်ရှုကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ယနေ့ နံနက်ပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း […]

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ အဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ပြည်တွင်းရတနာ ကုန်သည်များသာ ဝယ်ယူခွင့်ရှိသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲအမှတ် (၂၅၆၀) မှ (၃၃၀၉) အထိ ကျောက်စိမ်းအတွဲပေါင်း(၇၅၀) ကို ပြည်တွင်းရတနာကုန်သည် များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးရာ ကျောက်စိမ်းအတွဲ ပေါင်း(၇၃၅)တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြည်တွင်းရတနာကုန်သည်များအား အိတ်ဖွင့် တင်ဒါစနစ်ဖြင့် ရောင်းချပေးလျက်ရှိသည့် အုပ်စု (စီ)မှ ကျောက်စိမ်း အတွဲများအတွက် […]

၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်းရတနာကုန်သည်များသည် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၁၇၀၁) မှ (၂၅၅၉) အထိ ကျောက်စိမ်းအတွဲ များကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း (၅၉၅) တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲ ကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်း ပြသထားသည့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် အုပ်စု(စီ)မှ ကျောက်စိမ်းအတွဲများအား ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးနေမှုနှင့် […]

၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ပြည်ပရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်း အတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲအမှတ် (၈၅၁) မှ (၁၇၀၀)အထိ ကျောက်စိမ်းအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ပြီး ကျောက်စိမ်းအတွဲပေါင်း ၆၁၅ တွဲ ရောင်းချခဲ့ရကြောင်း ထုတ်ပြန်ကြေညာသည်။ ညနေပိုင်းတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမ၌ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချမည့် ကျောက်စိမ်း အတွဲများအတွက် ဈေးနှုန်းတင်သွင်းလွှာများ ဖွင့်ဖောက်စစ်ဆေးနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။

          ၂၀၂၄ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။           ယနေ့နံနက်ပိုင်းမှ စတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းနှင့် ခန်းမအပြင်ဘက် သတ်မှတ် နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်မျက်အတွဲများနှင့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ယနေ့နံနက်ပိုင်းတွင် ကျောက်မျက်အတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၆၀)အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ကျောက်မျက်အတွဲပေါင်း ၆၂တွဲ ရောင်းချရကြောင်း ကြေညာသည်။           ယနေ့ ရောင်းချသည့် ကျောက်မျက်အတွဲများကို အမေရိကန်ဒေါ်လာဖြင့် အခြေခံဈေး သတ်မှတ်ထားပြီး ဝယ်ယူခွင့်ရရှိသည့် ပြည်ပရတနာကုန်သည်များအနေဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေနှင့် မြန်မာနိုင်ငံတော် […]

Top