၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ တတိယနေ့ကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           ယနေ့ နံနက်ပိုင်းမှစ၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း၌ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ထို့နောက် တင်ဒါအမှတ်(၃)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၂၃၁) မှ အတွဲအမှတ်(၃၄၅) တွဲအထိနှင့် တင်ဒါ အမှတ်(၄)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၃၄၆)တွဲမှ ပုလဲအတွဲအမှတ်(၄၆၀) အထိကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြကာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ မွန်းလွဲပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက၊  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီ […]

          ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဒုတိယနေ့ကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်းရှိ ရောင်းချရန် ခင်းကျင်းပြသထားသည့် ပုလဲအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ထို့နောက် တင်ဒါအမှတ်(၁)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၁) မှ အတွဲအမှတ်(၁၁၅) တွဲအထိနှင့် တင်ဒါ အမှတ်(၂)ဖြစ်သည့် ပုလဲအတွဲ အမှတ်(၁၁၆)မှ အတွဲအမှတ်(၂၃၀) တွဲအထိကို ရတနာကုန်သည်များက ကြည့်ရှု စစ်ဆေးကြရာ ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ယနေ့နံနက်ပိုင်းတွင် ၂၀၂၄ ခုနှစ်၊ (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီ နာယက  သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဗဟိုကော်မတီ ဥက္ကဋ္ဌ […]

(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ပုလဲများထုတ်လုပ်မှု၊ ရောင်းချနိုင်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြသည်။ ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]

          မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ၁၂-၈-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်အခြေအနေ၊ မြန်မာ့တောင်ပင်လယ်ပုလဲရတနာများ ရောင်းချနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေ၊ ရောင်းချမည့် ပုလဲအတွဲများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လုပ်ငန်း ကော်မတီများက ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ […]

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ သတင်းကြေညာချက် ၁၃၈၆ ခုနှစ် ၊ ဝါဆိုလပြည့်ကျော် (၆) ရက် ၂၀၂၄ ခုနှစ် ၊ ဇူလိုင်လ (၂၆) ရက် ၁။  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ တောင်ပင်လယ်ပုလဲရောင်းချပွဲ ဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ် ၊ (၁၄၂)ကြိမ်မြောက် မြန်မာ့ တောင်ပင်လယ်ပုလဲရောင်းချပွဲကို ဩဂုတ်လ (၁၂) ရက်မှ (၁၅) ရက်အထိ နေပြည်တော် ၊ မဏိ ရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပုလဲရောင်းချပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော မြန်မာ့တောင်ပင်လယ်ပုလဲအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။ ၂။   ပုလဲရောင်းချပွဲသို့ မြန်မာ့ပုလဲလုပ်ငန်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် ပြည်တွင်း၊ ပြည်ပ ပုလဲမွေးမြူရေးကုမ္ပဏီလုပ်ငန်းရှင်များနှင့် ပြည်တွင်း၊ ပြည်ပ ပုလဲကုန်သည်များအား […]

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၃-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။           ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ယခု ပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် သတ္တမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲဖြစ်ပြီး ပုလဲအတွဲ  ၃၇၉ တွဲ ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စုအေ […]

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းဒုတိယ အထွေထွေ မန်နေဂျာ(ထုတ်လုပ်ရေး)ရုံး၊မြိတ်မြို့အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း အသေးစိတ်ကို download ရယူနိုင်ပါသည်.

          (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကားလျက်ရှိသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။           ယနေ့ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲအမှတ် (၂၀၁) မှ အတွဲအမှတ်(၄၀၀) အထိ ပုလဲအတွဲများနှင့် ပြပွဲ ဒုတိယနေ့မှ ရောင်းချရန်ကျန် ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။           ထို့နောက် ပုလဲအတွဲများအတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန် ရှိသူများက […]

Top