(၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိ ရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီနာယက၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်ကြည့်ရှု အားပေး သည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမ၌ ပုလဲအတွဲများ တင်ဒါ ဖွင့်ဖောက် စစ်ဆေးနေမှု၊ မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာအရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန် ရှိသူများကို လိုအပ်သည်များ မှာကြားသည်။ ယနေ့တွင် ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်း ပြသ ထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာ ကြည့်ရှုကြပြီး ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲ […]
၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို မေလ ၃ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒေါ်ဒွဲဘူ၊ မန်းငြိမ်းမောင်နှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက် […]
The Government of the Republic of the Union of Myanmar Ministry of Natural Resources and Environmental Conservation Central Committee for Holding Myanmar Gems Emporium The Information about 59th Myanmar Gems Emporium 2024 The significant 59th Myanmar Gems Emporium 2024, under the supervision of the Ministry of Natural Resources and Environmental Conservation, will be held from […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅)ရက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၉)ရက် ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မေလ (၃)ရက်မှ (၁၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။ ၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက် များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ ၃။ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၅-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှု နှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင် များအားထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး ပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်းတည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုအခြေအနေများနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဘိချောင်းကမ်းဘေးတစ်လျှောက် သဲသောင်ခုံတော၊ အပူပိုင်းအမြဲစိမ်းမိုးသစ်တောနှင့် ဒီရေတောစသည့် မတူညီသော တောအမျိုးအစား ၃ မျိုး တစ်နေရာတည်းတွင် ပေါက်ရောက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလားအလာရှိသော နေရာများတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်များ ထပ်မံတည်ထောင်သွားရန်၊ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ခံဝန်ထမ်းများ နှင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတော များထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်ခြင်းများအား ကာကွယ်တာဆီးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝ သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေး နှင့်ရောင်းဝယ်ရေးလုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အဖွဲ့ဝင်နှစ်ဦးတို့သည် ပုလဲမွေးမြူရေး နှင့်ထုတ်လုပ်ရေးဆိုင်ရာ အတွေ့အကြုံများ၊ ပုလဲဈေးကွက်၊ ဖိလစ်ပိုင်နိုင်ငံနှင့် ကမ္ဘာ့ပုလဲ ရောင်းဝယ်ရေး ဈေးကွက်ကုန်သွယ်မှုတွင် မတူညီသော လုပ်ငန်းဆောင်တာများ၊ မုတ်ကောင် မွေးမြူမှု၊ ပုလဲမွေးမြူထုတ်လုပ်မှုနည်းစနစ်များနှင့် နည်းပညာကွဲပြားမှုများကို လေ့လာသိရှိနိုင်ရန် အတွက် (၁၀.၁၂.၂၀၂၃)ရက်နေ့မှ (၁၄.၁၂.၂၀၂၃) ရက်နေ့အထိPalawan ပြည်နယ် Busuanga ကျွန်းရှိ ပုလဲမွေးမြူရေးလုပ်ငန်းသို့ သွားရောက်လေ့လာခဲ့ကြပါသည်။ Surigao Marine Products Inc. ၏ ပုလဲမွေးမြူသည့်ရေပြင် ဧရိယာစုစုပေါင်း စတုရန်း မိုင်(၃၀)မိုင်ခန့်ပတ်လည်တွင် ရေပေါ်လောင်းလိုင်းစနစ်ဖြင့်သာ မုတ်ကောင်များကို မွေးမြူထားရှိ သည်ကို တွေ့ရှိရခြင်း၊ တစ်နှစ်ပါတ်လုံး လှိုင်းလေဒဏ်ကို ကာကွယ်ထားပြီးဖြစ်သော ကျွန်းငယ် များအတွင်းရှိ ရေလက်ကြားရေစီးကြောင်းများတွင် လောင်းလိုင်းများ ချထားမွေးမြူထားရှိခြင်း များကြောင့် မုတ်ကောင်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် […]
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားသည်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁၅၁ မှ […]
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲ များနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို […]
