The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

September 30, 2026

ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးသို့တက်ရောက်

ဝန်ကြီးဌာနသတင်းများ သတင်း

(၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ကျင်းပနိုင်ရေးအတွက် ပြုလုပ်သည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ (ဒုတိယအကြိမ်) အစည်းအဝေးကို ၃၀-၉-၂၀၂၆ ရက်နေ့ နံနက် ၁၀ နာရီအချိန် နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမရှိ အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက၊ သယံဇာတ နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦး တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးက (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမ၌ ၂၀၂၆ ခုနှစ်၊ အောက်တိုဘာ ၈ ရက်မှ အောက်တိုဘာ ၁၇ ရက်အထိ ၁၀ ရက်ကြာ ကျင်းပသွားမည် ဖြစ်ကြောင်း၊ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ပုလဲအတွဲ ၇၀၀ ၊ ကျောက်မျက်အတွဲ ၁၆၀ နှင့် ကျောက်စိမ်း (အေ) အုပ်စု၊ အတွဲ ၃၅၀ ၊ (ဘီ) အုပ်စု ၁၂၅၅ တွဲ၊ (စီ) အုပ်စု ၁၄၆၈ တွဲ စုစုပေါင်း ကျောက်စိမ်းအတွဲ ၃၀၇၃ တွဲတိုကို သတ်မှတ်ရက်အလိုက် တင်ဒါစနစ်ဖြင့် ရောင်းချသွားရန် စီစဉ်ထားရှိကြောင်း၊ ရတနာကုန်သည်များက အာမခံစပေါ်ငွေနှင့် ကျောက်အတွဲ တန်ဖိုးငွေ များကို အမေရိကန်ဒေါ်လာ သိုမဟုတ် အမေရိကန်ဒေါ်လာနှင့်ညီမျှသည့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစား သိုမဟုတ် မြန်မာကျပ်ငွေနှင့် ပေးသွင်း နိုင်ရေးအတွက် ယခင်ပြပွဲများနည်းတူ ကျောက်အတွဲအမျိုးအစားအလိုက် သတ်မှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာနှင့်ညီမျှသော ငွေလဲလှယ်နှုန်းထားများ သတ်မှတ် ရာတွင် ပြည်တွင်း ပြည်ပရတနာကုန်သည်များက ပုလဲအတွဲ၊ ကျောက်မျက်အတွဲနှင့် သတ်မှတ် အုပ်စုပါ ကျောက်စိမ်းအတွဲများအတွက် အာမခံစပေါ်ငွေနှင့် တန်ဖိုးနှုန်းထားများကို နိုင်ငံတော်က နစ်နာမှုမရှိစေရေး၊ ပြည်တွင်း ပြည်ပ ရတနာကုန်သည်များက ဈေးနှုန်းအပြိုင်ပေး၍ ဝယ်ယူ စေရေးတိုအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် နိုင်ငံခြားငွေလဲလှယ်နှုန်းများအနက် အမြင့်ဆုံးငွေလဲလှယ်နှုန်းနှင့် သတ်မှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ယင်းသို သတ်မှတ်ရာတွင် ပြပွဲစတင်ကျင်းပသည့် အောက်တိုဘာ ၈ ရက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ထုတ်ပြန်သည့် နှုန်းထားများကိုရယူပြီး သတ်မှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီဝင်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် အဖွဲဝင်များက သက်ဆိုင်ရာလုပ်ငန်း ကော်မတီ အလိုက် ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။