သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်-၁၉ ၏ (၃၆)ကြိမ်မြောက် ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံက်ပိုင်းက ရုံးအမှတ်-၁၉ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ဇနီး ဒေါ်ကြူကြူစိုး တို့ တက်ရောက်၍ ကထိန်လျာသင်္ကန်းဆက်ကပ်လှူဒါန်းသည်။
အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန့်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကြွရောက်လာသော နေပြည်တော်၊ အောင်သိဒ္ဓိကျောင်းတိုက် ဦးစီးပဓာန နာယက၊ သာသနဓဇယဝိနယဝိဒူ။ M.A. India ဆရာတော် ဘဒ္ဒန္တ ပညာသာရမှ ပရိတ်သတ်များအား ငါးပါးသီလ ချီးမြှင့်ခဲ့ပြီး ကြွရောက်လာသော သံဃာတော် အရှင်သူမြတ် တို့က ပရိတ်တရားတော်များ ရွတ်ပွားသရဇ္စယ် ချီးမြှောက်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးဆန်းဦးနှင့် ဇနီး ဒေါ်ကြူုကြူစိုးတို့က နေပြည်တော်၊ အောင်သိဒ္ဓိ ကျောင်းတိုက် ဦးစီးပဓာန နာယက၊ သာသနဓဇယဝိနယဝိဒူ။ M.A. India ဆရာတော် ဘဒ္ဒန္တ ပညာသာရ အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။
ပြီးနောက် ဒုတိယဝန်ကြီး ဦးခင်လတ်ကြီးနှင့် ဇနီး ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဇနီး၊ ဌာနဆိုင်ရာ အကြီးအကဲများ က ဆရာတော်/ သံဃာတော်များအား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု ပစ္စည်းများအား ဆက်ကပ်လှူဒါန်းသည်။
၎င်းနောက် ကြွရောက်လာသော ဆရာတော်ကြီးများထံမှ ကထိန်အနုမောဒနာတရား နာကြား၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် ကြွရောက်လာသော ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။