The Republic of the Union of Myanmar EN | MM
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန

Government of Myanmar

October 11, 2026

အနုပညာရှင်များ (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို လာရောက်ကြည့်ရှုအားပေး

ဝန်ကြီးဌာနသတင်းများ သတင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိသည့် (၆၁)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို ယနေ့မွန်းလွဲပိုင်းတွင် အနုပညာရှင်များ လာရောက်ကြည့်ရှု လေ့လာ၍ ကျောက်မျက်ရတနာများ ဝယ်ယူအားပေးကြသည်။

ဦးစွာ အနုပညာရှင်များက မဏိရတနာကျောက်စိမ်းခန်းမအတွင်း ခင်းကျင်းပြသထားသည့် ကျောက်မျက်၊ ကျောက်စိမ်းနှင့် ပုလဲအတွဲများကို ကြည့်ရှုလေ့လာကြရာ ပြပွဲတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် ပြပွဲခန်းမအတွင်းရှိ ကျောက်မျက်ရတနာ အရောင်းဆိုင်ခန်းများကို စိတ်ဝင်တစား ကြည့်ရှုလေ့လာဝယ်ယူကြသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၏ စီစဉ်မှုဖြင့် (၆၁) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာ ၈ ရက်မှ အောက်တို ဘာ ၁၇ ရက်အထိ နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပလျက်ရှိကြောင်း သိရသည်။