(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေး

(၁၈)ကြိမ်မြောက် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို စက်တင်ဘာ ၂ ရက် မှ ၄ ရက်အထိ Hybrid စနစ်ဖြင့် မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိရာ ပထမအကြိမ် အာဆီယံ-အီးယူပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲ၊ တတိယအကြိမ် အာဆီယံ-ဂျပန်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်ဆွေးနွေးပွဲနှင့် (၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ အဆင့်အစည်းအဝေးများသို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ အွန်လိုင်းဖြင့် တက်ရောက်ဆွေးနွေးသည်။

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ပတ်ဝန်းကျင်ဆိုင်ရာဝန်ကြီးများ၊ အာဆီယံ ပတ်ဝန်းကျင် ဆိုင်ရာ အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ၊ UNFCCC COP 30 ဥက္က၊ ဥရောပသမဂ္ဂ၊ အာဆီယံအပေါင်းသုံး နိုင်ငံများဖြစ်သည့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ပထမအကြိမ် အာဆီယံ-အီးယူ ပတ်ဝန်းကျင်နှင့်ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့် ဆွေးနွေးပွဲ ပထမပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီး H.E. Mr. Datuk Seri Johari Abdul Ghani နှင့် အစည်းအဝေး ဒုတိယဥက္ကအဖြစ် ပတ်ဝန်းကျင်ဆိုင်ရာ ဥရောပသမဂ္ဂကော်မရှင်မှ Ms. Jessika Roswall နှင့် Mr. Wopke Hoestra တို့က ဆောင်ရွက်၍ အဖွင့်အမှာစကား ပြောကြားကြပြီး အာဆီယံနှင့် ဥရောပသမဂ္ဂနိုင်ငံများတွင် ကြုံတွေ့နေရသည့် ပတ်ဝန်းကျင်ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန် နည်းလမ်းများ၊ ပလတ်စတစ် ညစ်ညမ်းမှု အဆုံးသတ်စေရေးအတွက် နိုင်ငံတကာစည်းနှောင်မှုရှိသော သဘောတူညီချက်ဆိုင်ရာကိစ္စရပ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရန်နည်းလမ်းများ၊ နိုင်ငံအလိုက် ရာသီဥတု ပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းအစီ အစဉ်များအပေါ် ဆောင်ရွက်နိုင်မှုအခြေအနေများ၊ UNFCCC COP 30 ဆိုင်ရာ ပူးတွဲသဘောထား၊ နိုင်ငံတကာပင်လယ်ရေကြောင်းအဖွဲ့(IMO)၏ အဏ္ဏဝါပတ်ဝန်းကျင်ထိန်းသိမ်းရေး ကာကွယ်ရေးဆိုင်ရာပူးတွဲ သဘောထား၊ ကာဗွန်ဈေးကွက်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့် အလမ်းများ၊ ၂၀၂၅-၂၀၂၆ အာဆီယံ-အီးယူ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် ပူးတွဲ ကြေညာချက်များအား အတည်ပြုထုတ်ပြန်ခြင်းနှင့် ဒုတိယအကြိမ်မြောက် အာဆီယံ-အီးယူ ပတ်ဝန်းကျင် နှင့်ရာသီ ဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲကျင်းပမည့်နေ့ရက်နှင့် နေရာသတ်မှတ်ခြင်း တို့ကို ဆွေးနွေးကြသည်။

တတိယအကြိမ်မြောက် အာဆီယံ-ဂျပန်ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးများ အဆင့်ဆွေးနွေးပွဲ ဒုတိယပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် ဒုတိယဥက္ကအဖြစ် ဂျပန်နိုင်ငံပတ်ဝန်းကျင် ဆိုင်ရာ ဝန်ကြီး H.E. Mr.Keiichiro Asao တို့က ဆောင်ရွက်၍ အဖွင့်အမှာစကားပြောကြားကြပြီး အာဆီယံ ပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာအစီအစဉ် (SPACE)နှင့် စပ်လျဉ်းသည့် ဖြစ်ပေါ် တိုးတက်မှု အခြေအနေများကို ဆွေးနွေးခြင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှ ပတ်ဝန်းကျင် ဆိုင်ရာဝန်ကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်က ကြေညာချက်များဖတ်ကြားခြင်းနှင့် ပူးတွဲကြေညာချက် ကိုအတည်ပြု ထုတ်ပြန်ခြင်းများ ဆောင်ရွက်ကြသည်။

(၁၉)ကြိမ်မြောက် အာဆီယံအပေါင်းသုံး ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေး တတိယပိုင်းတွင် အစည်းအဝေးဥက္ကအဖြစ် မလေးရှားနိုင်ငံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ရေးဝန်ကြီးဌာန ခေတ္တဝန်ကြီးနှင့် အာဆီယံအပေါင်း သုံးနိုင်ငံများဖြစ်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတိုမှ ပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများက ဆောင်ရွက်၍ အမှာစကား ပြောကြားကြပြီး အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အာဆီယံအပေါင်းသုံး အစည်းအဝေးများ နှင့်စပ်လျဉ်းသည့် ဆုံးဖြတ်ချက်များ၊ အာဆီယံ အပေါင်းသုံးနိုင်ငံများ၏ ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းများ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ အဏ္ဏဝါပလတ်စတစ်ညစ်ညမ်းမှု ဖြေရှင်းရေး ဆိုင်ရာ ကနဦးဆောင်ရွက်ချက်များ၊ ရေရှည်တည်တံ့သော စားသုံးမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ လုပ်ငန်းအစီ အစဉ်များ၊ အာဆီယံ – တရုတ်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာမူဘောင် (၂၀၂၁-၂၀၂၅) အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများအပေါ် စိစစ်အကဲဖြတ်ခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့် မဟာဗျူဟာ မူဘောင်(၂၀၂၆-၂၀၃၀) ရေးဆွဲခြင်း၊ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တွင် ‌ဆောင်ရွက်မည့် အာဆီယံ-တရုတ်ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံ – ဂျပန်ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်တိုးတက်မှုအခြေအနေ၊ အာဆီယံ- ကိုရီးယား ပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် တိုးတက်မှု အခြေအနေ၊ ၂၀၂၅-၂၀၂၆ ခုနှစ်များအတွင်း အာဆီယံ-ကိုရီးယား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များ၊ အာဆီယံအပေါင်းသုံးနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသော နယ်ပယ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။

အစည်းအဝေးအပြီးတွင် အာဆီယံပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးများနှင့် ကုလသမဂ္ဂရာသီဥတု ပြောင်းလဲမှုဆိုင်ရာမူဘောင် ကွန်ဗင်းရှင်းအဖွဲဝင်နိုင်ငံများ၏ အကြိမ်(၃၀)မြောက် အစည်းအဝေးတွင် ဥက္က အဖြစ် ဆောင်ရွက်မည့် ဘရာဇီးလ်နိုင်ငံမှ H.E. Ambassa-dor Andr Aranha Corr a do Lago နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Admin

Admin

Top