(နေပြည်တော်   စက်တင်ဘာလ  ၂၈  ရက်)           ရွှေစင်တုံးနှင့်ရွှေစင်ခဲ သုံးပိဿာစီကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ အတွင်း သတ်မှတ်ထားသောတင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာ စီကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်) နှင့် မန္တလေးမြို့ (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်(ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(မန္တလေးစခန်းရုံး) တို့တွင် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်ကြောင်း၊ အလားတူ ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။

(နေပြည်တော်   စက်တင်ဘာလ  ၂၂  ရက်)         သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ စက်တင်ဘာ ၂၃ ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မုတ်ကောင် သားဖောက်မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက်(Collector)များ ရေချမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ်လ (၃၁) ရက်နေ့ နံနက်(၉)နာရီတွင် Grand Jade  ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။           အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ဝင်ငွေရရှိရေး၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ များတိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင်များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း ပိုမိုတိုးတက်လာစေရေး၊ အရည်အသွေးကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ရေးနှင့် ပုလဲကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲမွေးမြူထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများမှ […]

Top