သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၇-၉-၂၀၂၁ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။             ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရတို့နှင့် အပြန်အလှန် နားလည်မှုရှိရှိ […]

Top