ဘူမိဥယျာဉ်ဆိုင်ရာလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးနှင့်အဖွဲ့သည် ယနေ့နံနက် ၁၀ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်အမျိုးသားဘူမိဥယျာဉ် ဖြစ်မြောက်ရေးအတွက် အဆိုပြု Geosites များကို ကြည့်ရှုစစ်ဆေးသည်။ ကြည့်ရှုစစ်ဆေးအတည်ပြု ထိုသို့စစ်ဆေးစဉ် တာဝန်ရှိသူများအား နိုင်ငံတကာအသိအမှတ်ပြု ထိန်းသိမ်းကာကွယ်ရေး နယ်မြေ ယူနက်စကို ကမ္ဘာ့ဘူမိဥယျာဉ် (UNESCO Global Geopark) တည်ထောင်နိုင်ရေးအတွက် အရေးကြီးသည့် အမျိုးသားအဆင့်ဘူမိဥယျာဉ် (National Geopark) တည်ထောင်သတ်မှတ်ရန် ဦးစွာ လိုအပ်ကြောင်း၊ မြန်မာနိုင်ငံတွင် Local Geopark & National Geopark များ မရှိသေးဘဲ ပထမဦးဆုံး အမျိုးသားအဆင့် National Geopark အဖြစ် Mount Popa National Geopark […]
သတင်းစဉ် နေပြည်တော် (၁၃-၂-၂၀၂၂) ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ပြည်ထောင်စု အလံတော်သယ်ဆောင်ရေးအဖွဲ့၊ အလံကိုင်အဖွဲ့နှင့် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲတို့ တွင် ပါဝင်ခဲ့ကြသော ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ (၁၃) ရက်နေ့ညနေ (၀၆:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားခဲ့ပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားကြီးတွင် ဝန်ကြီးဌာန၏ဂုဏ်ကိုဆောင်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာထမ်း၊ အမှုထမ်းများအား ချီးကျူးဂုဏ်ပြုပါကြောင်း၊ ယခုကဲ့သို့ အစဉ်အလာကောင်းများကို ထိန်းသိမ်းဆောင်ရွက်သွားစေလိုပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ကြီးဌာနကိုယ်စားပြု စစ်ရေးပြတပ်ခွဲဦးဆောင်ကော်မတီဥက္ကဋ္ဌ […]
သတင်းစဉ် နေပြည်တော် (၁၅-၂-၂၀၂၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ (၁၄)ကြိမ်မြောက် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၅) ရက်နေ့ နံနက် (၁၁:၃၀) အချိန် တွင် နေပြည်တော် ရုံးအမှတ်-၁၉ တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးစီးဌာနနှင့် လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ထမနဲထိုး ပြိုင်ပွဲဝင်ကြမည့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ဦးစီးဌာနနှင့် လုပ်ငန်းများအလိုက် ပျော်ရွှင်စွာ ထမနဲထိုးပြိုင်ပွဲဝင်နေမှု များကို လှည့်လည်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ ပြိုင်ပွဲတွင် ပထမဆုရရှိသည့် အမှတ်(၁) သတ္တုတွင်းလုပ်ငန်းအသင်းကို ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က […]
