၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့ သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုနေ့လယ်စာ စားပွဲအခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းတွင် နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၂၂)ရက်နေ့မှ(၂၈)ရက်နေ့ထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမ တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ပြပွဲကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ရာတွင် ဆက်စပ်ဌာန၊ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များနှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးခဲ့ပြီးပြပွဲဆိုင်ရာလုပ်ငန်းများကိုဆောင်ရွက်ခဲ့သဖြင့် ပြပွဲကိုအောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ အောင်မြင်အောင် ကျင်းပနိုင်ရေးအတွက် […]
