သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၄/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကျင်းပ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၄/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၅-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။

          အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်း ဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။

ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးမြတ်သူ၊ မူဝါဒနှင့်ဥပဒေ လုပ်ထုံးလုပ်နည်းစိစစ်ရေးနှင့် လုပ်ငန်းစစ်ဆေးရေးဌာနခွဲမှ လက်ထောက် အတွင်းဝန် ဦးနေလင်းနိုင်၊ အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက် အတွင်းဝန် ဦးစိုးနိုင်တို့က မိမိတို့ တာဝန်ယူ ဆောင်ရွက်နေသည့် ဌာနခွဲများအလိုက် လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပါသည်။

ထို့နောက် ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်သိန်းက ဝန်ထမ်းများ စနစ်တကျဖြင့် စည်းကမ်း လိုက်နာကြရန်၊ အချင်းချင်း သင့်သင့်မြတ်မြတ် နေကြရန်၊ အပြန်အလှန် လေးစားမှုရှိရန်၊ အလုပ် တာဝန်များကို အချိန်မီပြီးစီးအောင်လုပ်ရန်၊ အလုပ်အပေါ်တွင် စေတနာထား၍ လုပ်ကြရန် ဆွေးနွေး ပြောကြားပါသည်။

ပြီးနောက် အမြဲတမ်းအတွင်းဝန်က ဆန္ဒဖော်ထုတ်ပွဲဟာ ဝန်ထမ်းများ လုပ်ငန်းခွင် အခက်အခဲ၊ မိသားစု အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးနိုင်သည့် အခမ်းအနားတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းတွေ ဖြစ်တာကြောင့် ပေးအပ်သော တာဝန်များကို မပျက်မကွက် ကျေပွန်အောင် ထမ်းဆောင်ကြရမည်ဖြစ်ကြောင်း၊ အချိန်ကို အကျိုးရှိရှိ အသုံးချကြစေလိုကြောင်း၊ စည်းစည်းလုံးလုံး နေကြရန်၊ အပြန်အလှန် လေးစားမှုရှိကြရန် မှာကြားလိုပါကြောင်းဖြင့် ဆွေးနွေးပြောကြားပါသည်။

၎င်းနောက် ဒုတိယဝန်ကြီးက အရာထမ်း အမှုထမ်းများ အနေဖြင့် လုပ်ငန်းခွင်အခက်အခဲ၊ မိသားစုအခက်အခဲများရှိပါက ဌာနခွဲမှူးများအား တင်ပြရန် ဖြစ်ကြောင်း၊ သင်တန်းများ တက်ရောက် ခြင်းနှင့်ပတ်သက်၍ အားပေးပါကြောင်း၊ ကိုယ့်တိုးတက်ရာ တိုးတက်ကြောင်းအတွက် အမြဲကြိုးစား နေရန်လိုကြောင်း၊ စိတ်ပိုင်းဆိုင်ရာ အနေဖြင့် အခြေခံစိတ်ဓာတ်နှင့် စေတနာလိုအပ်ကြောင်း၊ ဇွဲလုံ့လရှိရန် လိုကြောင်း၊ ဌာနအတွက်၊ နိုင်ငံတော်အတွက် အကျိုးရှိသူများ ဖြစ်စေခြင်ကြောင်းဖြင့် ပြောကြားပြီး လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးခဲ့ကာ အခမ်းအနားကို ၁၂:၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

Admin

Admin

Top