ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနသည် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှု အဖြစ် သတ်မှတ်သည့်အမိန့်ကို ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီး အဆိုပါအမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ၃၀-၁၀-၂၀၂၄ ရက်နေ့တွင် အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်။ ၂၅-၁၀-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ နှင့်အညီ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းလိုင်စင် လျှောက်ထားရယူမည့် လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီများအနေဖြင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ခွင့်အမိန့်ပါ သတ်မှတ် လျှောက်လွှာပုံစံများအတိုင်း လုပ်ငန်းလိုင်စင်လျှောက်ထားမှုကို သက်ဆိုင်ရာ ပြည်ထောင်စုနယ်မြေ သို့မဟုတ် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များ၏ ကနဦးစိစစ်ရေးအဖွဲ့ အတွင်းရေးမှူးရုံးများဖြစ်သော အောက်ဖော်ပြပါ ရုံးလိပ်စာများတွင် […]
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့ နံနက် (၀၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်သည်။ အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်း ပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုအစိုးရအဖွဲ့သည် (၂၄-၁၀-၂၀၂၄) ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ်၊ ၃၅/၂၀၂၄ ဖြင့် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ(ဂ)အရ ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီး ဝန်ဆောင်မှုအဖြစ် သတ်မှတ်ကြေညာပြီး ယင်းဝန်ဆောင်မှုနှင့်သက်ဆိုင်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တားမြစ်မိန့်၊ စည်းမျဉ်းသတ်မှတ်မိန့်၊ ကြီးကြပ်မိန့်၊ ကာကွယ်မိန့်နှင့်လိုအပ်သလို ဆောင်ရွက်စေသည့်အမိန့်ထုတ်ပြန်နိုင်ခွင့်ကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအား အပ်နှင်းခဲ့သဖြင့် ဝန်ကြီးဌာနက ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်းဝန်ဆောင်မှု လုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်သည့်အမိန့်ကို(၂၅-၁၀-၂၀၂၄)ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၀၃၈/၂၀၂၄ ဖြင့် ထုတ်ပြန်ခဲ့ပြီးဖြစ်ပါသည်။ အဆိုပါအမိန့်ကြော်ငြာစာအရ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန်အတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက (၂၅-၁၀-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက […]
၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနမှ ကက်သုတ် ကြေးနီ (၂၀၀)မက်ထရစ်တန်အား (1) Lot လျှင် (၅) မက်ထရစ်တန်စီဖြင့် (40) Lots ခွဲ၍ ပြည်တွင်းရှိ ကြေးနီကုန်ကြမ်းသုံး အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းရှင်များ (MSME) သို့ “မြန်မာကျပ်ငွေ” ဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူရောင်းချမည် ဖြစ်ပါသည်။ ၂။ ကက်သုတ်ကြေးနီ၏ ကြမ်းခင်းဈေးနှုန်းမှာ တင်ဒါဖွင့်လှစ်သည့်နေ့တွင် အင်တာနက်၌ ပေါ်ထွက် လာမည့် ယမန်နေ့ ကမ္ဘာ့သတ္တုပေါက်ဈေးနှုန်း (London Metal Exchange-LME)ပါ ကက်သုတ်ကြေးနီ တစ်မက်ထရစ်တန်ဈေးနှုန်းအပေါ်တွင် အခြေခံ၍ သတ်မှတ်မည်ဖြစ်ပါသည်။ အဆိုပြုဈေးနှုန်းအား (LME + Premium)ဖြင့်ဖော်ပြရာတွင် အမေရိကန်ဒေါ်လာဖြင့် ရေးသားဖော်ပြရမည်ဖြစ်ပြီး Premium ကြေးအများဆုံး ပေးသွင်းနိုင်သည့် အဆိုပြုတင်သွင်းသူများကို တင်ဒါအောင်မြင်သူအဖြစ် သတ်မှတ်မည် ဖြစ်ပါသည်။ […]
