သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဝန်ထမ်းများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြမီးငြိမ်းသတ်ပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့ နံနက် ၁၀ နာရီတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမနှင့် အဆောက်အဦအရှေ့ အလံတိုင် ကွင်းတို့၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင် မီးသတ်ဦးစီးမှူးက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများ အသိ ပညာပေး ဟောပြောခဲ့ပြီး ဝန်ထမ်းများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ခရိုင် မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပြန်လည် ရှင်းလင်း ဆွေးနွေးပြောကြားပါသည်။ ပြီးနောက် ရုံးအမှတ်-၁၉ အဆောက်အဦအရှေ့ အလံတိုင်ကွင်း၌ လက်တွေ့ […]
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့ နံနက် (၁၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်း ပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ ဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေများကိုလည်းကောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပ နိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ် ညှိနှိုင်းဆွေးနွေးကြသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန […]
The Government of the Republic of the Union of Myanmar Ministry of Natural Resources and Environmental Conservation Central Committee for Holding Myanmar Gems Emporium The Information about 59th Myanmar Gems Emporium 2024 The significant 59th Myanmar Gems Emporium 2024, under the supervision of the Ministry of Natural Resources and Environmental Conservation, will be held from […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ သတင်းကြေညာချက် ၁၃၈၅ ခုနှစ်၊ တပေါင်းလပြည့်ကျော် (၅)ရက် ၂၀၂၄ ခုနှစ်၊ မတ်လ (၂၉)ရက် ၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက် ရတနာပြပွဲကို မေလ (၃)ရက်မှ (၁၂)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ပါသည်။ ၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်း လုပ်ငန်း များဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက် များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ပါသည်။ ၃။ ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် […]
၁။ အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များ (MSME) တို့အတွက် ခဲမဖြူ သတ္တုစင် (PRT) (၅)တန်အား Lot (၁၀) Lots ခွဲ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည်ဖြစ်ပါ၍ ဈေးနှုန်းအဆိုပြုလွှာအား (၂-၄-၂၀၂၄) ရက်နေ့၊ နေ့လည်(၁၂:၀၀)နာရီ နောက်ဆုံးထားပေးသွင်းနိုင်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါသည်။ ၂။ အသေးစိတ်သိရှိလိုပါက အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၉၃၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။ တင်ဒါကော်မတီ အမှတ်(၂)သတ္တုတွင်းလုပ်ငန်း
ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာအချောထည်နှင့် ရုပ်တုရုပ်ထွင်းများပြုလုပ်ခြင်းလုပ်ငန်း လိုင်စင်နှင့် ကျောက်မျက်ရတနာအရိုင်း၊ အချောများရောင်းဝယ်ခြင်းလုပ်ငန်းလိုင်စင်ရယူ ထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့်အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ အောက်ပါအတိုင်းဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည် –
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန(ရုံးအမှတ်-၁၉) သင်တန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် “e-Government Awareness” သင်တန်း ဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၄ ခုနှစ်၊ မတ်လ (၄)ရက်နေ့ နံနက် ၈:၃၀ နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အဆိုပါသင်တန်းသို့ ဦးစီးဌာန/လုပ်ငန်းများမှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း ၁၈ ဦး တက်ရောက်သင်ကြားကြမည်ဖြစ်ပြီး သင်တန်းအား ၄-၃-၂၀၂၄ ရက်နေ့မှ ၈-၃-၂၀၂၄ ရက်နေ့ အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၂/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၀၉:၃၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။ အခမ်းအနားတွင် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန် တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၅-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီ တိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ပုလဲကျွန်းရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေး လုပ်ငန်း၏ ပုလဲမွေးမြူထုတ်လုပ်ရေးကျွန်းစခန်းအတွင်း မုတ်ကောင်များ သားဖောက်မွေးမြူနေမှု နှင့် မုတ်ကောင်များအတွင်း ဝတ်ဆံထည့်သွင်းနေမှု လုပ်ငန်းအဆင့်ဆင့်၊ ဝတ်ဆံသွင်းမုတ်ကောင် များအားထိန်းသိမ်းထားမှု၊ မုတ်ကောင်များအတွင်းမှ ပုလဲထုတ်ယူမှုလုပ်ငန်းများအားကြည့်ရှုစစ်ဆေး ပြီး ဌာန၏ နှစ်အလိုက် လျာထားချက်များ ပြည့်မီကျော်လွန်အောင် ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားသည်။ ထို့နောက်ပြည်ထောင်စုဝန်ကြီးသည် ဘုတ်ပြင်းမြို့နယ်နှင့် ကော့သောင်းမြို့နယ်အတွင်းတည်ရှိသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ထားမှုအခြေအနေများနှင့် အဏ္ဏဝါအမျိုးသားဥယျာဉ်အတွင်းရှိ ဘိချောင်းကမ်းဘေးတစ်လျှောက် သဲသောင်ခုံတော၊ အပူပိုင်းအမြဲစိမ်းမိုးသစ်တောနှင့် ဒီရေတောစသည့် မတူညီသော တောအမျိုးအစား ၃ မျိုး တစ်နေရာတည်းတွင် ပေါက်ရောက်နေမှု အခြေအနေအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အလားအလာရှိသော နေရာများတွင် အဏ္ဏဝါအမျိုးသားဥယျာဉ်များ ထပ်မံတည်ထောင်သွားရန်၊ […]
