သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများလိုက်ပါလျက် ၂၄-၂-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို့ရှိ ခရိုင်သစ်တောဦးစီးဌာနရုံးသို့ သွားရောက်၍ ဝန်ထမ်းများ၏ လုပ်ငန်းဆောင်ရွက် နေမှုအခြေအနေအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တိုင်း/ခရိုင်/မြို့နယ်အဆင့် တာဝန်ခံဝန်ထမ်းများ နှင့် တွေ့ဆုံ၍ တနင်္သာရီတိုင်းဒေသကြီးအတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်ကောင်းမွန်ရေး၊ ဒီရေတော များထိန်းသိမ်းကာကွယ်ရေး၊ ကြိုးဝိုင်းကြိုးပြင်ကာကွယ်တောများ တိုးချဲ့ဖွဲ့စည်းရေး၊ တရားမဝင်သစ်နှင့် သတ္တုများ ထုတ်ယူသယ်ဆောင်ခြင်းများအား ကာကွယ်တာဆီးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားရန်၊ ဝန်ထမ်းများအနေဖြင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လိုက်နာဆောင်ရွက်ရန်၊ စည်းကမ်းပြည့်ဝ သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန်နှင့် အဂတိတရား ကင်းရှင်းစွာဖြင့် တာဝန် ကျေပွန်စွာ ထမ်းဆောင်ကြရန် မှာကြားပြီး ဝန်ထမ်းများ၏တင်ပြချက်များအပေါ် လိုအပ်သည်များ […]
မြန်မာ့ဓလေ့ ရိုးရာယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ဝန်ထမ်း အချင်းချင်း မိသားစုစိတ်ဓာတ်ဖြင့် စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ သစ်တောဦးစီးဌာန၊ ဦးစီးရုံးချုပ်၊ ရုံးအမှတ် (၃၉)၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်၊ ပြိုင်ပွဲဝင်အသင်းများနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲအား ဖွင့်လှစ်ပေးပြီး ဦးစီးဌာန၊ လုပ်ငန်းနှင့် တက္ကသိုလ်တို့မှ ပြိုင်ပွဲဝင်အသင်း ၁၁ သင်း၏ ထမနဲထိုး ယှဉ်ပြိုင်နေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက ပြိုင်ပွဲတွင် ပထမဆုရရှိသော […]
နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ ဘိလပ်မြေစက်ရုံများ စက်စွမ်းအား အပြည့်အဝလည်ပတ်နိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ ဘိလပ်မြေ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တက်ရောက်သည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ဘိလပ်မြေစက်ရုံများသည် နိုင်ငံတော်၏ တည်ဆောက်ရေး လုပ်ငန်းများတွင် အရေးကြီးသည့် လမ်း၊ တံတား၊ ဆေးရုံ၊ စာသင်ကျောင်း စသည့် အခြေခံအဆောက်အဦ များတည်ဆောက်ရာ၌ အသုံးပြုသည့် အဆင့်မီ ဘိလပ်မြေများကို ထုတ်လုပ်ပေးရသဖြင့် အဓိကအခန်း ကဏ္ဍတွင် ပါဝင်သလို ပြည်ပသွင်းကုန် အစားထိုးထုတ်လုပ်မှု ဖြစ်သည့်အတွက် နိုင်ငံခြားငွေသုံးစွဲမှုကို အထိုက်အလျောက် လျှော့ချပေးပါကြောင်း၊ နေပြည်တော်၊ […]
၁။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် မြန်မာ့ ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းက မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းလိုင်စင်များအနက် သက်တမ်းတိုး ဆောင်ရွက်ရန် ပျက်ကွက်မှု (၃ နှစ်အတွင်းရှိ) လုပ်ငန်းလိုင်စင်များ၏ ၃ နှစ် ဒဏ်ကြေးဖြင့် သက်တမ်းတိုး ဆောင်ရွက် ခွင့်ပြုရန် တင်ပြဆောင်ရွက်မှုများအား ၃၁-၃-၂၀၂၄ ရက်နေ့အထိသာ လက်ခံဆောင်ရွက်ပေးသွား မည်ဖြစ်ပါသည်။ ၂။ သို့ဖြစ်ပါ၍ သက်တမ်းတိုးဆောင်ရွက်ရန် ပျက်ကွက်လျက်ရှိသည့် လိုင်စင်များအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင်လိုပါက မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း သက်ဆိုင်ရာ ဌာနများတွင် ရုံးဖွင့်ရက်များအတွင်း အမြန်ဆုံးဆက်သွယ်၍ သက်တမ်းတိုး ဆောင်ရွက်ကြပါရန် အသိပေးအကြောင်းကြားအပ်ပါသည်။ မှတ်ချက်။ ၁-၄-၂၀၂၄ ရက်နေ့မှစ၍ သက်တမ်းတိုးရန် ပျက်ကွက်မှု (၂ နှစ်အတွင်းရှိ) လုပ်ငန်း လိုင်စင်များကိုသာ သတ်မှတ်ဒဏ်ကြေးဖြင့် လက်ခံ […]
နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်၊ အလှူရှင်များက စားသောက်ဖွယ်ရာများ လာရောက်ဂုဏ်ပြုပေးအပ်လျက်ရှိသည်။ ထိုသို့ ပေးအပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးအပ်ခြင်းကို နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ ပေါင်းလောင်းရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူးဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။ ဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစု များက ပေးအပ်လှူဒါန်းသည့် ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ စားသောက်ဖွယ်ရာများကို တိုင်းမှူးထံ ဂုဏ်ပြုပေးအပ်သည်။ ထို့နောက် တိုင်းမှူးက ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
ကျောက်မျက်ရတနာအချောထည်နှင့် လက်ဝတ်ရတနာရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင်၊ ကျောက်မျက်ရတနာ အချောထည်နှင့် ရုပ်တုရုပ်ထွင်းများ ပြုလုပ်ခြင်း လုပ်ငန်းလိုင်စင်နှင့် ကျောက်မျက်ရတနာ အရိုင်း၊ အချောများ ရောင်းဝယ်ခြင်းလုပ်ငန်း လိုင်စင် ရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် လိုင်စင်သက်တမ်းမကုန်ဆုံးမီ (၃)လကြိုတင်၍ သတ်မှတ်ချက်များနှင့် အညီ သက်တမ်းတိုးမြှင့်လျှောက်လွှာများ တင်သွင်းကြပါရန်နှင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်း သက်တမ်းကုန်ဆုံးမည့် လုပ်ငန်းလိုင်စင်များစာရင်းမှာ ဖော်ပြပါအတိုင်းဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံးတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် အငယ်တန်းစာရေး(၁)နေရာ၊ ရုံးအကူ(၁)နေရာ၊ သန့်ရှင်းရေးအကူ(၁)နေရာ၊ စုစုပေါင်း(၃)နေရာအတွက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့် ရရှိသူများစာရင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးမှ ၁-၂-၂၀၁၄ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာခေါ်ယူခဲ့သည့် (လစာနှုန်း၊ ၁၈၀၀၀ဝိ-၄၀၀ဝိ-၁၉၀၀၀ဝိ) အငယ်တန်းစာရေး (၁)နေရာ၊ (လစာနှုန်း၊၁၄၄၀၀ဝိ-၂၀၀ဝိ – ၁၅၄၀၀ဝိ) ရုံးအကူ (၁) နေရာ၊ (လစာနှုန်း၊၁၄၄၀၀ဝိ-၂၀၀ဝိ-၁၅၄၀၀ဝိ) သန့်ရှင်းရေးအကူ(၁) နေရာ၊ စုစုပေါင်း (၃)နေရာ အတွက် လျှောက်ထားလာသူများအနက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာလိုက်သည် – စဉ် အမည် နိုင်ငံသားမှတ်စိစစ်ရေးကတ်ပြား အမှတ် ခုံအမှတ် (က) ဒေါ်ဖြိုးအိအိဝင်း ၉/လဝန(နိုင်)၂၅၂၅၃၁ MO-01 ( ခ) ဒေါ်ထက်စုမင်း ၈/ပဖန(နိုင်)၁၈၄၄၁၅ MO-02 […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ခွင့်ပြုချက်ဖြင့်ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ အဖွဲ့ဝင် ၅ ဦးပါ ကွင်းဆင်းအဖွဲ့သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဗဟိုပြုဝန်းကျင်ဒေသတို့တွင် ဘူမိရုပ်သွင်ထူးခြား လှပသည့် ကမ္ဘာ့မြေပြင်နေရာ (Geosites) များ ရှာဖွေဆန်းစစ်လေ့လာအကဲဖြတ်ခြင်း ကွင်းဆင်း လုပ်ငန်းအား ၂၂-၁၂-၂၀၂၃ ရက်နေ့မှ ၂၈-၁၂-၂၀၂၃ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပါသည်။ ဘူမိရုပ်သွင်ထူးခြားလှပသည့် ကမ္ဘာ့မြေပြင်နေရာ (Geosites) များဆိုသည်မှာ ကျောက် တုံး၊ ကျောက်ဆောင်များ၊ ရေတံခွန်များ၊ ဂူများ၊ ရေပူစမ်းများ၊ ကမ်းခြေ၊ ကျောက်ပေါ်ကွက်၊ ချောက်ကမ်းပါးများ၊ လှပသောရှုခင်းများစသော ကမ္ဘာ့ဘူမိအမွေအနှစ်များသာမက သစ်ပင် ပန်း မန်များ၊ သားရဲတိရစ္ဆာန်မျိုးစိတ်များ၊ ယဉ်ကျေးမှုသမိုင်းအမွေအနှစ်များနေရာတို့ ပါဝင်ပါသည်။ Geosites များသည် ဘာသာရပ်ဆိုင်ရာအသိပညာဗဟုသုတများတိုးပွားစေခြင်း ၊ ဆည်းပူးလေ့ လာနိုင်စေခြင်း၊ ဒေသ၏လူမှုစီးပွားရေးစနစ် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေခြင်းနှင့် နိုင်ငံနှင့် အရပ်ဒေသအား ဂုဏ်သတင်းတိုးတက်ကျော်ကြားစေခြင်းတို့အားဖြစ်စေပြီး အများပြည်သူတို့မှ ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားရန်လိုအပ်ပါသည်။ […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံး (ရုံးအမှတ်-၁၉) ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး (ရုံးအမှတ်-၁၉)တွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊18000ဝိ-200ဝိ-19000ဝိ)နှင့်(လစာနှုန်း၊14400ဝိ-200ဝိ-15400ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(3)နေရာများအတွက် လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်- စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) အငယ်တန်းစာရေး 1 အခြေခံပညာအထက်တန်းအောင်ရမည်။ (ခ) ရုံးအကူ 1 အခြေခံပညာအလယ်တန်းအောင်ရမည်။ (ဂ) သန့်ရှင်းရေး 1 မြန်မာစာကို ကောင်းစွာရေးဖတ် တတ်ရမည်။ 2။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည် – (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) 2024 ခုနှစ်၊ဇန်နဝါရီလ (၃1) ရက်နေ့တွင် အသက်(18)နှစ်ပြည့်ပြီး အသက် (26)နှစ် မကျော်လွန်သူဖြစ်ရမည်။ ဝန်ထမ်းဖြစ်ပါက အသက်(35)နှစ် မကျော်လွန်သူ ဖြစ်ပြီး လက်ရှိဌာန၏ […]
