သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂)သတ္တုတွင်းလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း ၁။       အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှုလုပ်ငန်းရှင်များ (MSME) တို့အတွက် ခဲမဖြူ သတ္တုစင် (PRT) (၁၅)တန်အား Lot (၂၅) Lots ခွဲ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါခေါ်ယူ ရောင်းချမည်ဖြစ်ပါ၍ ဈေးနှုန်းအဆိုပြုလွှာအား (၂၇-၁၂-၂၀၂၃) ရက်နေ့၊ နေ့လည် (၁၂:၀၀)နာရီ နောက်ဆုံးထားပေးသွင်းနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ ၂။       အသေးစိတ်သိရှိလိုပါက အမှတ်(၂)သတ္တုတွင်းလုပ်ငန်း၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၉၃၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။                                                                                              တင်ဒါကော်မတီ                                                                            အမှတ်(၂)သတ္တုတွင်းလုပ်ငန်း

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၃)ကြိမ်မြောက် ဝန်ထမ်း မိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ၂၀၂3 ခုနှစ်၊ နိုဝင်ဘာလ (၁၇)ရက်နေ့ နံနက် (၁၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ ဝန်ထမ်းများ တက်ရောက်ခဲ့ ကြပါသည်။           အခမ်းအနားတွင် ပျဉ်းမနားမြို့၊ အောင်သိဒ္ဓိကျောင်း ဆရာတော်အမှူးပြုသော သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလ ခံယူကြပြီး ပြည်ထောင်စုဝန်ကြီး က အောင်သိဒ္ဓိကျောင်း ဆရာတော် အရှင်သူမြတ်အား ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ပါသည်။           ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာ […]

သတ္တုတွင်းဦးစီးဌာနတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး(၉)နေရာ ၊ စုစုပေါင်း(၁၉) နေရာအတွက်  ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူစာရင်း ထုတ်ပြန်ကြေညာခြင်း ၁။       သတ္တုတွင်းဦးစီးဌာနမှ ၁၆.၁၀.၂၀၂၃ ရက်နေ့၌ နိုင်ငံပိုင်သတင်းစာများတွင် ကြော်ငြာခေါ်ယူ ခဲ့သည့်(လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး (၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး(၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး(၉) နေရာ၊ စုစုပေါင်းရာထူး(၁၉)နေရာအတွက် လျှောက်ထားလာသူများအနက် ရေးဖြေစာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းအား အောက်ပါအတိုင်း ထုတ်ပြန်ကြေညာလိုက်သည်-   စဉ် ကျား/မ အမည် နိုင်ငံသားမှတ်ပုံတင်အမှတ် ခုံအမှတ် ၁ မောင် ကျော်မင်းလွင် ၉/ခအဇ(နိုင်)၀၂၅၀၉၅ DOM 0 0 1 ၂ မ ဆွေမွန်အောင် ၈/မသန(နိုင်)၀၈၇၁၄၂ DOM 0 0 […]

အမှတ်(၁)သတ္တုတွင်းလုပ်ငန်းတွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့်သတ္တုတွင်းလက်ထောက်(၂) ရာထူး(၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်(၂) ရာထူး (၁၀)နေရာ၊ စာရင်းကိုင်(၂) ရာထူး (၅)နေရာ၊ ဘူမိဗေဒလက်ထောက်(၂) ရာထူး(၁)နေရာ၊ စုစုပေါင်း ရာထူး (၂၉) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ကြေညာခြင်း ၁။       အမှတ်(၁)သတ္တုတွင်းလုပ်ငန်းမှ (၁၆-၁၀-၂၀၂၃)ရက်နေ့၌ နိုင်ငံပိုင်သတင်းစာတွင် ကြော်ငြာ ခေါ်ယူခဲ့သည့် (လစာနှုန်း၊ ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) သတ္တုတွင်းလက်ထောက်(၂) ရာထူး(၁၃) နေရာ၊ သတ္တုဗေဒလက်ထောက်(၂) ရာထူး(၁၀)နေရာ၊ စာရင်းကိုင်(၂) ရာထူး(၅)နေရာ၊ ဘူမိဗေဒ လက်ထောက်(၂) ရာထူး(၁)နေရာ၊ စုစုပေါင်းရာထူး(၂၉) နေရာအတွက် လျှောက်ထားလာသူများ အနက် ရေးဖြေစာမေးပွဲဖြေဆိုခွင့်ရရှိသူများစာရင်းအား အောက်ပါအတိုင်းထုတ်ပြန် ကြေညာလိုက် သည်- စဉ် ကျား/ မ အမည် နိုင်ငံသားမှတ်ပုံတင် အမှတ် ခုံအမှတ် (က) ကျား မောင်ကျော်ကိုကိုအောင် ၅/ကဘလ(နိုင်) […]

နေပြည်တော် အောက်တိုဘာ ၂၆ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ သတ္တမနေ့ကို နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည် များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသ ထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၃ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၂၃ တွဲ ရောင်းချရကြောင်း ထုတ်ပြန် ကြေညာသည်။ ပြပွဲ အဋ္ဌမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ကို ပြည်တွင်းရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သတ်မှတ်တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ယင်းကျောက်စိမ်းအတွဲပေါင်း ၁၀၀၀ ၏ ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက […]

Top