နေပြည်တော် အောက်တိုဘာ ၂၅ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမ အတွင်းဘက်နှင့် အပြင်ဘက်တို့တွင် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။ ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၄၀၄၅ တွဲကို နေ့ရက်အလိုက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချခြင်းဖြစ်ပြီး ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲ ၇၅၀ ကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များ အား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်းအတွဲ ၆၀၁ တွဲ ရောင်းချရကြောင်း ကြေညာသည်။ ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၇၅၃ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာ ကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး […]
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ပြပွဲကျင်းပရာ မဏိရတနာ ကျောက်စိမ်းခန်းမသို့ ရောက်ရှိပြီး ပုလဲအတွဲများ တင်ဒါဖွင့်ဖောက်စစ်ဆေးနေမှု၊ မဏိရတနာ ကျောက်စိမ်းခန်းမအတွင်း ပြသထားသည့် ပုလဲ အတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာ အရောင်းဆိုင်များကို လိုက်လံကြည့်ရှု စစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များအား မှာကြားသည်။ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁၅၁ မှ […]
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။ နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်း ခန်းမအတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်းအတွဲများ၊ ကျောက်မျက်အတွဲ များနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို စိတ်ကြိုက်လေ့လာကြည့်ရှုကြသည်။ ယနေ့ပြပွဲတွင်ရောင်းချမည့် ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ ပုလဲအတွဲများကို ပြည်တွင်း၊ ပြည်ပရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။ ထို့နောက် ပြပွဲတွင် ရောင်းချသည့် ပုလဲအတွဲပေါင်း ၃၀၀ အနက်မှ ပုလဲအတွဲအမှတ် ၁ မှ အတွဲအမှတ် ၁၅၀ အထိ တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများအနက် တင်ဒါအမှတ် (၁) ကို […]
နေပြည်တော် အောက်တိုဘာ ၂၀ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီ တွဲဖက် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက် လာကြသူများသည် ကျောက်မျက်ရတနာပြပွဲများ ကျင်းပရောင်းချခဲ့မှု၊ မြန်မာ့ပုလဲများထုတ်လုပ်မှုနှင့် ရောင်းချနိုင်မှု၊ ကျောက်မျက်ရတနာပစ္စည်းများထုတ်လုပ်မှုနှင့် ၂၀၂၃ […]
၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ရတနာပြပွဲဆိုင်ရာစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ အာမခံစပေါ်ငွေပေးသွင်းခြင်း၊ ကျောက်အတွဲများဝယ်ယူခြင်း၊ အာမခံစပေါ်ငွေနှင့်ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များ အာမခံစပေါ်ငွေပေးသွင်းခြင်း ၁။ ၂၀၂၃ ခုနှစ်၊ နှစ်လယ် မြန်မာ့ကျောက်မျက်ရတနာပြပွဲသို့ တက်ရောက်ဝယ်ယူကြမည့် ရတနာကုန်သည်များသည် ဝယ်ယူလိုသော ကျောက်အတွဲအမျိုးအစားအလိုက် အာမခံစပေါ်ငွေများ ကို ကြိုတင်ပေးသွင်းရမည်ဖြစ်ပါသည်။ ၂။ ကျောက်အတွဲအမျိုးအစားလိုက် အနည်းဆုံးပေးသွင်းရမည့် အာမခံစပေါ်ငွေနှုန်းထားနှင့် ဝယ်ယူခွင့်ပြုမည့် ကျောက်အတွဲတန်ဖိုးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည် – စဉ် အမျိုးအစား အာမခံစပေါ်ငွေ နှုန်းထား ဝယ်ယူခွင့်ပြုမည့် တန်ဖိုး (က) ကျောက်မျက် ၂,၀၀၀ US$ ၂၀,၀၀၀ US$ (ခ) ကျောက်စိမ်း (A)အုပ်စု ၅၀,၀၀၀ US$ ၅၀၀,၀၀၀ US$ (ဂ) ကျောက်စိမ်း (B)အုပ်စု ၂၀,၀၀၀ […]
သတင်းကြေညာချက် ၁၃၈၅ ခုနှစ်၊ တော်သလင်းလပြည့်ကျော် (၇)ရက် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၆)ရက် ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီသည် ၂၀၂၃ ခုနှစ်၊နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုဘာလ (၂၀)ရက်မှ (၂၈)ရက်အထိ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရတနာပြပွဲတွင် မြန်မာနိုင်ငံမှထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက် စိမ်းအတွဲများကို တင်ပြရောင်းချသွားမည် ဖြစ်ပါသည်။ ၂။ ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိခဲ့သည့် နိုင်ငံသား ကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့် အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ပါသည်။ ၃။ ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက် မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ် […]
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၁)သတ္တုတွင်းလုပ်ငန်း ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်း လုပ်ငန်းတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ အမှုထမ်းရာထူး(၂၉)နေရာအတွက် လျှောက်လွှာခေါ်ယူခြင်းဖြစ်ပါသည်- စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း (က) သတ္တုတွင်းလက်ထောက်(၂) ၁၃ B.E (Mining) ( ခ) သတ္တုဗေဒလက်ထောက်(၂) ၁၀ B.E(Metallurgy) ( ဂ) စာရင်းကိုင်(၂) ၅ B.Com,B.Act,B.Econ,B.BSc. (Applied Statistics) (ဃ) ဘူမိဗေဒလက်ထောက်(၂) ၁ B.Sc(Geology) ၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ ( ခ ) ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့တွင် အသက်(၁၈)နှစ်ပြည့်ပြီး […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာနဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော(လစာနှုန်း၊၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) အောက်ဖော်ပြပါ ရာထူးနေရာများအတွက် သတ်မှတ်ချက်နှင့်ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်- စဉ် ရာထူး ရာထူးနေရာ အနိမ့်ဆုံးပညာအရည်အချင်း က စစ်ဆေးရေးမှူး – ၂ (၁) နေရာ B.E ခ စာရင်းကိုင် – ၂ (၈) နေရာ B.Econ, B.Com, B.Act, B.B.Sc(Applied Statistics) ဂ ဘူမိဗေဒလက်ထောက် – ၂ (၁) နေရာ B.Sc(Geology) ဃ ကွန်ပျူတာလုပ်ဆောင်ရေးမှူး (၉) နေရာ B.E, B.Sc(Geology), L.L.B, B.A(English), B.C.Sc ၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူများသည်- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (ခ) […]
