ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန ဝန်ထမ်းလျှောက်လွှာခေါ်ယူခြင်း ၁။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဘူမိဗေဒလေ့လာရေးနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသော အောက်ဖော်ပြပါ အမှုထမ်း ရာထူး (၂၀)နေရာအတွက် သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီသူများ လျှောက်ထား နိုင်ပါသည် – စဉ် ရာထူး/လစာနှုန်း ရာထူးနေရာ အနိမ့်ဆုံးပညာ အရည်အချင်း (က) ဘူမိဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) (၁၀)နေရာ သိပ္ပံဘွဲ့(ဘူမိဗေဒ) (ခ ) ဘူမိဓာတုဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား/အမျိုးသမီး) (၃)နေရာ သိပ္ပံဘွဲ့(ဘူမိဗေဒ/ ဓာတုဗေဒ) (ဂ ) ဘူမိရူပဗေဒလက်ထောက်(၂) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) (၂)နေရာ သိပ္ပံဘွဲ့(ဘူမိဗေဒ/ ရူပဗေဒ) (ဃ) အငယ်တန်းအင်ဂျင်နီယာ(၂) (လွန်တူး) ၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ (အမျိုးသား) (၄)နေရာ B.Tech (Mining/ (Mech;), […]
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယိုလူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ဘရာဇီးနိုင်ငံဘဲလ်လမ်မြို၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်အထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) ဒုတိယနေ့ စုံညီအစည်းအဝေးနှင့် ဘာသာရပ်ဆိုင်ရာ စားပွဲဝိုင်းဆွေးနွေးပွဲများသို တက်ရောက်ခဲ့သည်။ စုံညီအစည်းအဝေးတွင် နိုင်ငံ့ခေါင်းဆောင်များ၊ နိုင်ငံအသီးသီးမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် သစ်တောနှင့် ပတ်ဝန်းကျင်ရေးရာဝန်ကြီးများ၊ အပြည်ပြည်ဆိုင်ရာအဖွဲအစည်းများမှအကြီးအကဲများက နိုင်ငံကိုယ်စားပြု အမှာစကား ပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် နိုင်ငံဧရိယာ၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းကျော်ကို သစ်တောများ ဖုံးလွှမ်းထားပြီး ဂေဟစနစ်မျိုးစုံနှင့် ဇီဝမျိုးစုံမျိုးကွဲများ ကြွယ်ဝသောနိုင်ငံဖြစ်ကြောင်း၊ […]
ဘရာဇီးနိုင်ငံသမ္မတ လူးဝစ်အင်နာစီယို လူလာဒါဆေးလ်ဗား၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ကိုယ်စား) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲသည် ဘရာဇီးနိုင်ငံ ဘဲလ်လမ်မြို၌ နိုဝင်ဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသည့် ဘဲလ်လမ်ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေး (Belem Climate Summit) သို တက်ရောက်သည်။ နိုဝင်ဘာ ၆ ရက် ဖွင့်ပွဲအခမ်းအနားတွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာအန်တို နီယိုဂူတာရက်စ်က ရာသီဥတုပြောင်းလဲမှုလျှော့ချရေးဆိုင်ရာ ကတိကဝတ်များ ဖြည့်ဆည်းရေးနှင့် အပူချိန် ၁.၅ ဒီကရီဆဲလ်စီးယပ် လျှော့ချရေး ဆက်လက်ကြိုးပမ်းရမည်ဖြစ်ကြောင်း၊ ၂၀၃၀ ပြည့်နှစ်တွင် သစ်တောပြုန်းတီးမှုများ ရပ်တန့်စေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၃၅ ခုနှစ် အရောက်တွင် ဖွံဖြိုးဆဲနိုင်ငံများအတွက် ရာသီဥတုဆိုင်ရာရန်ပုံငွေ […]
မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်နေ့ နေ့လည် (၁၃:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ (ကိုယ်စား) မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ဒုတိယဥက္ကဋ္ဌ ဦးဇော်မြင့်နိုင်၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီအဖွဲ့ဝင်များ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့် […]
မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၁၁) ရက်၊ ခရစ်သက္ကရာဇ် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၃၁)ရက် (သောကြာနေ့)၌ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးအား အမှူးထား၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ (၃၅) ကြိမ်မြောက် ဝန်ထမ်းမိသားစု စုပေါင်းမဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲ အခမ်းအနားကို နံနက် (၀၉:၄၅) အချိန်တွင် နေပြည်တော်၊ ရုံးအမှတ် (၁၉)ရှိ သီရိရတနာ ခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနား နံနက်ပိုင်းတွင် ဓမ္မစကြာဝတ်ရွတ်အဖွဲ့များမှ ဓမ္မစကြာဝတ်ရွတ်ပူဇော်ခြင်း ပြုလုပ်သည်။ ပြီးနောက် အခမ်းအနားကို “နမောတဿ” သုံးကြိမ် ညီညာဖျဖျ ရွတ်ဆိုဖွင့်လှစ်ပါသည်။ ထို့နောက် တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ထမ်း မိသားစုများက ငါးပါးသီလ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရ ဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့်ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး H.E Mr. TSE Chinwan ၏ ဖိတ်ကြားချက်အရ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ Hong Kong Asia World-expo ၌ အောက်တိုဘာ ၂၈ ရက်မှ ၃၀ ရက်အထိ ကျင်းပသည့် အကြိမ် (၂၀) မြောက် Eco Expo Asia 2025 သို့ ပါဝင်တက်ရောက်သည်။ ယနေ့တွင် Eco Expo Asia 2025 ဖွင့်ပွဲကို Hong Kong Asia World-expo ၌ ကျင်းပရာ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရအဖွဲ့ ပတ်ဝန်းကျင်နှင့် ဂေဟစနစ်ဆိုင်ရာဝန်ကြီးဌာန […]
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပေ့ဟိုင်မြို့၌ ၂၁-၁၀-၂၀၂၅ ရက်နေ့မှ ၂၃-၁၀-၂၀၂၅ ရက်နေ့အထိ ကျင်းပခဲ့သည့် China-ASEAN Environmental Cooperation Forum 2025 သို့ မြန်မာနိုင်ငံ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့်အတူ နန်နင်းမြို့၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ် ဒေါ်ခိုင်ဆုလင်း ပါဝင် တက်ရောက်ခဲ့သည်။ ဖိုရမ်ဖွင့်ပွဲအခမ်းအနားကို ၂၁-၁၀-၂၀၂၅ ရက်နေ့တွင် ပြုလုပ်ခဲ့ရာ BRI International Green Development Coalition (BRIGC) ဥက္ကဋ္ဌနှင့် တရုတ်ဂေဟဗေဒနှင့်ပတ်ဝန်းကျင် ဝန်ကြီး ဌာန၊ ယခင်ဒုတိယဝန်ကြီးဖြစ်သူ Mr. Zhao Yingmin၊ ကွမ်ရှီးဒေသဒုတိယအုပ်ချုပ်ရေးမှူး Ms. Sui Guohua၊ ကမ္ဘောဒီးယားပတ်ဝန်းကျင် ရေးရာဒုတိယဝန်ကြီး Ms. Oeurn Panchakneat၊ ထိုင်းသဘာဝအရင်းအမြစ်နှင့် ပတ်ဝန်းကျင် ရေးရာဝန်ကြီးဌာန၊ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် လိုအပ်သည့်နေရာများ၌ အသုံးပြုနိုင်ရန်အတွက် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို)က အိမ်သုံးဆိုလာပစ္စည်းအစုံ (၁၀၀)နှင့် ခြင်ထောင် အလုံး (၄၀၀) ကို ၈-၁၀-၂၀၂၅ ရက်နေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၈)သို့ လာရောက် ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်း အတွင်းဝန်နှင့် ဌာနအကြီးအကဲများ တက်ရောက်သည်။ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း (ဗဟို) ဥက္ကဋ္ဌက လာရောက်လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး လှူဒါန်းပစ္စည်းများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြောကြား ကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိသည်။
