မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ နေ့လည် ၂ နာရီအချိန် တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟို ကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသ ရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲ ဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေကိုလည်းကောင်း၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဖွဲ့စည်းထားသည့် ကော်မတီများက ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်း တင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။ အဆိုပါ အစည်းအဝေးသို့ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ […]
၁။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးပိုစတာ၊ ဗီဒီယိုနှင့် စာစီစာကုံး ပြိုင်ပွဲကို “အဂတိလိုက်စားမှုများတိုက်ဖျက်ဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့ (Together Against Corruption)” ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ လူငယ်လူရွယ်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။ ၂။ ပြိုင်ပွဲအတွက် စည်းကမ်းသတ်မှတ်ချက်များမှာအောက်ဖော်ပြပါအတိုင်းဖြစ်ပါသည်- (က) ပြိုင်ပွဲဝင်များသည် အသက် ၁၄ နှစ်မှ ၃၅ နှစ်အတွင်း (တစ်ဦးချင်း သို့မဟုတ် အဖွဲ့လိုက်) လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ပါသည်။ ( ခ ) ပိုစတာနှင့်စပ်လျဉ်း၍ အောက်ဖော်ပြပါ သတ်မှတ်ချက်များနှင့်အညီ Hard Copy ၊ Soft Copy (၂)စုံ ပြုစု၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅၊ နေပြည်တော်သို့ ၁၀-၉-၂၀၂၃ ရက်နေ့ (၁၆:၀၀) နာရီ မတိုင်မီ လူကိုယ်တိုင်ဖြစ်စေ၊ စာတိုက်မှတစ်ဆင့် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၂)ကြိမ်မြောက် ဝန်ထမ်း မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၆)ရက် ဗုဒ္ဓဟူးနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေမန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော် များတက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်ပရိတ်သတ်များက “နမောတဿ” သုံးကြိမ် ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး တပ်ကုန်းမြို့၊ ဂိုဏ်းထောက်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူခြင်း၊ သယံဇာတနှင့် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းဒုတိယအထွေထွေမန်နေဂျာ (ထုတ်လုပ်ရေး) ရုံး၊ မြိတ်မြို့ အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာ အောင်မြင် ခဲ့ကြသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏ သား၊ သမီးများအား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကား ပြောကြားသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို ထူးချွန်စွာအောင်မြင်ခဲ့ခြင်းအတွက် ကြိုးစားအားထုတ်မှုများကို အသိအမှတ်ပြုပြီး အနာဂတ်နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်းလာရေး ရည်ရွယ်၍ ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်ရဲ့ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်စေရန် အခြေခံလိုအပ်ချက်ဖြစ်သော အသိပညာနှင့် အတတ်ပညာများ မြင့်မားစေရေး အတွက် ကြိုးစား၍ ပညာကိုသာ တစိုက်မတ်မတ် ဆည်းပူးလေ့လာရှာမှီးသွားဖို့ မှာကြားလိုကြောင်း၊ ယခု အောင်မြင်မှုများကို အခြေခံပြီး နောင်အဆင့်မြင့်မားသည့် ပညာရပ်များအား […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမြန်မာပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းဒုတိယအထွေထွေမန်နေဂျာ (ထုတ်လုပ်ရေး) ရုံး၊ မြိတ်မြို့ အိတ်ဖွင့်တင်ဒါခေါ် ယူခြင်း
မြန်မာနိုင်ငံတွင် တက္ကသိုလ်အဆင့် သစ်တောပညာ သင်ကြားခြင်းကို ၁၉၂၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်၌ စတင်ခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်(၁၀၀) ပြည့်မြောက်သဖြင့် ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ် ၊ ရေဆင်း၌ ကျင်းပသွားမည်ဖြစ်ရာ အလှူငွေ ထည့်ဝင်လိုသူများအနေဖြင့် ၂၀-၅-၂၀၂၃ ရက်နေ့ နောက်ဆုံးထား၍ အောက်ပါပုဂ္ဂိလ်များထံသို့ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်
