မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန မိသားစု မြန်မာ့ ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန်တေးသီချင်း အကအလှ များဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၇)ရက်နေ့ နေ့လည် အချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးရုံးနှင့်ဦးစီးဌာန ရုံးများ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ မြန်မာ့နှစ်သစ်ကူး နှုတ်ခွန်းဆက် အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်မှ ၁၃၈၅ ခုနှစ်သို့ ကူးပြောင်းသည့် မြန်မာ့ ရိုးရာအတာသင်္ကြန် ကြိုဆိုသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများ အနေဖြင့် မင်္ဂလာရှိသော ၁၃၈၅ ခုနှစ် […]

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပိတ်ပွဲကို (၂၃-၃-၂၀၂၃) ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပသည်။           ယနေ့တွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။           ယနေ့တွင် ကျောက်စိမ်းအတွဲအမှတ် (၁၅၀၁)မှ (၂၁၅၀) အထိ ကျောက်စိမ်းအတွဲပေါင်း ၆၅၀ အတွက် တင်သွင်းထားသော ဈေးနှုန်းတင်သွင်းလွှာများကို တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၄၃၀ တွဲ ရောင်းချရကြောင်း ကြေညာသည်။           ပြပွဲတွင် ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပုလဲအတွဲပေါင်း ၂၉၅ တွဲကို မတ်လ ၁၈ ရက်နေ့မှ ၁၉ ရက်နေ့အထိ […]

        (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဆဋ္ဌမနေ့ကို (၂၂-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှုကြသည်။           ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၇၅၁)မှ (၁၅၀၀) အထိ အတွဲပေါင်း (၇၅၀)ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၃၈ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာသည်။           ပြပွဲ သတ္တမနေ့တွင် ရောင်းချမည့် […]

        (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ပဉ္စမနေ့ကို (၂၁-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။           ယနေ့ပြပွဲတွင် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိ ကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်စိမ်း အတွဲပေါင်း ၅၇၆ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။           ပြပွဲ ဆဋ္ဌမနေ့တွင် […]

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ စတုတ္ထနေ့ကို (၂၀-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာ များအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။           ယနေ့ပြပွဲတွင် ကျောက်မျက်အတွဲပေါင်း ၁၂၀ တွဲကို ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲပေါင်း ၇၇ တွဲ ရောင်းချနိုင်ခဲ့ကြောင်း ကြေညာ သည်။           ပြပွဲ ပဉ္စမနေ့တွင် ရောင်းချမည့် ကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ တွဲ အနက် ကျောက်စိမ်းအတွဲအမှတ် (၁)မှ (၇၅၀) အထိကို ပြည်တွင်း၊ […]

     (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တတိယနေ့ကို (၁၉-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကား လျက်ရှိသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။           ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁၅၁)မှ အတွဲအမှတ် (၂၉၅)အထိ ပုလဲအတွဲပေါင်း ၁၄၅ တွဲကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။           ထို့နောက် ပုလဲအတွဲအမှတ် (၁၅၁)မှ အတွဲအမှတ် (၂၉၅)အထိ […]

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဒုတိယနေ့ကို (၁၈-၃-၂၀၂၃) ရက်နေ့တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များဖြင့် စည်ကား လျက်ရှိသည်။           နံနက်ပိုင်းမှစတင်၍ ပြည်တွင်း၊ ပြည်ပ ရတနာကုန်သည်များသည် မဏိရတနာကျောက်စိမ်းခန်းမ အတွင်း ခင်းကျင်းပြသထားသည့် ပုလဲအတွဲများ၊ ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ခန်းမအပြင်ဘက် သတ်မှတ်နေရာများအလိုက် ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို စိတ်ကြိုက် လေ့လာကြည့်ရှု ကြသည်။           ယနေ့ပြပွဲတွင် ရောင်းချမည့် ပုလဲအတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၅၀)အထိ ပုလဲအတွဲများကို ရတနာကုန်သည်များက ကြည့်ရှုစစ်ဆေးကြပြီး ဈေးနှုန်းတင်သွင်းလွှာများကို သက်ဆိုင်ရာတင်ဒါပုံးများ အတွင်းသို့ ထည့်သွင်းကြသည်။           ထို့နောက် ပုလဲအတွဲအမှတ် (၁)မှ အတွဲအမှတ် (၁၅၀)အထိ တင်သွင်းထားသော ဈေးနှုန်း တင်သွင်းလွှာများကို တာဝန်ရှိသူများက […]

၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို (၁၇-၃-၂၀၂၃)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်း ရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးမောင်ကို၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဌာနဆိုင်ရာများမှတာဝန် ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ၊ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် […]

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ၉-၃-၂၀၂၃ ရက်နေ့ နံနက်(၉:၃၀)နာရီအချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက်တက်ရောက်လာသူမားက ၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက် ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့်အခြေအနေ၊ လုံခြုံရေးဆိုင်ရာအခြေအနေ၊ ပြပွဲတက်ရောက်မည့်ပြည်တွင်း/ပြည်ပရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး အခြေအနေ နှင့်ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးကြသည်။ အဆိုပါအစည်းအဝေးသို့ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီးများ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဉက္ကဋ္ဌနှင့် သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင် ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရပါသည်။                         […]

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုတွင်းဦးစီးဌာနနှင့်အမှတ်(၁) သတ္တုတွင်းလုပ်ငန်းတို့တွင် ပြင်ပဝင်ပေါက်မှ ခေါ်ယူသည့် စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင် ရေးမှူးရာထူး(၁၂)နေရာ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး (၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး(၂)နေရာ၊ စုစုပေါင်း(၅၃) နေရာအတွက်  လူတွေ့ဖြေဆိုခွင့် ရရှိသူစာရင်း ထုတ်ပြန်ကြေညာခြင်း ၁။      သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ နေပြည်တော်တွင် ၁၁.၂.၂၀၂၃ ရက်နေ့၌ ရေးဖြေစာမေးပွဲဖြေဆိုခဲ့သည့် လစာနှုန်းကျပ် (၂၁၆၀၀ဝိ-၂၀၀ဝိ-၂၂၆၀၀ဝိ) စစ်ဆေးရေးမှူး-၂ရာထူး(၁)နေရာ၊ စာရင်းကိုင်-၂ရာထူး(၈)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ရာထူး (၁)နေရာ၊ ကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူး(၁၂)နေရာ ၊ ဒုတိယဦးစီးမှူးရာထူး(၁)နေရာ၊ သတ္တုတွင်းလက်ထောက်-၂ရာထူး(၁၃)နေရာ၊ သတ္တုဗေဒလက်ထောက်-၂ရာထူး(၁၀)နေရာ၊ စာရင်းကိုင်-၂ ရာထူး(၅)နေရာ၊ ဘူမိဗေဒလက်ထောက်-၂ ရာထူး(၂)နေရာ၊ စုစုပေါင်းရာထူး(၅၃) နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခဲ့သူများအနက် လူတွေ့ဖြေဆိုခွင့်ရရှိသူစာရင်းအား အောက်ပါ အတိုင်း ထုတ်ပြန်ကြေညာလိုက်သည်- စဉ် ကျား/မ အမည် ခုံအမှတ် […]

Top