၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံရုံးမှ တာဝန်ရှိသူများနှင့် ရုရှားစီးပွားရေးလုပ်ငန်းရှင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကျောက်မျက် လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသူများသည် ရတနာပစ္စည်းများ ထုတ်လုပ်မှု အဆင့်ဆင့်နှင့် […]
နေပြည်တော် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ယနေ့ နေ့လည် (၁၄:၀၀)နာရီ အချိန်တွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် တက်ရောက်လာကြသူများက ၂၀၂၂ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေ၊ လုံခြုံရေးဆိုင်ရာ အခြေအနေ၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ပြည်ပ ရတနာကုန်သည်များ၏ တည်းခိုနေထိုင်ရေး အခြေအနေနှင့် ပြပွဲတွင် တင်ပြ ရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများအတွက် ငွေပေးချေမှု အခြေအနေနှင့် ပတ်သက်၍ ဝိုင်းဝန်းညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။ […]
(နေပြည်တော် စက်တင်ဘာလ ၂၈ ရက်) ရွှေစင်တုံးနှင့်ရွှေစင်ခဲ သုံးပိဿာစီကို စက်တင်ဘာ ၂၉ ရက် မွန်းလွဲပိုင်း ၁ နာရီမှ ၃ နာရီ အတွင်း သတ်မှတ်ထားသောတင်ဒါပုံစံဖြည့်စွက်လျက် ဈေးပြိုင်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် အဆိုပါ ရွှေစင်တုံးနှင့်ရွှေစင်ခဲ (၃)ပိဿာ စီကို ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမရှိ မြန်မာ့ ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်) နှင့် မန္တလေးမြို့ (၂၆) လမ်းနှင့် (၆၆) လမ်းထောင့်ရှိ Star Mart Mandalay တို့တွင် ရောင်းချသွားမည်ဖြစ်ကြောင်း၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း နေပြည်တော်(ရုံးချုပ်)၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်(ရန်ကုန်)နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း(မန္တလေးစခန်းရုံး) တို့တွင် အသေးစိတ် အချက်အလက်များကို စုံစမ်းနိုင်ကြောင်း၊ အလားတူ ရွှေဒင်္ဂါးပြားများ ရောင်းချခြင်းကိုလည်း ယခင်အတိုင်း ဆက်လက်ရောင်းချပေးသွားမည် ဖြစ်ပါသည်။
(နေပြည်တော် စက်တင်ဘာလ ၂၂ ရက်) သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကြီးဌာနမှ တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများကို ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင်သာမက ရန်ကုန်မြို့နှင့် မန္တလေးမြို့ကြီးများတွင်ပါ စက်တင်ဘာ ၂၃ ရက်မှစတင်၍ လွတ်လပ်စွာ ရောင်းချပေးရန် စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါသည်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၌ ပုလဲမွေးမြူခြင်းဆိုင်ရာ ပညာရပ်များ ဖွံ့ဖြိုးတိုးတက်စေရန်၊ အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင်ပုလဲများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်အတွက် မုတ်ကောင် သားဖောက်မွေးမြူခြင်းနှင့်မုတ်ကောင်သားပေါက်(Collector)များ ရေချမွေးမြူထိန်းသိမ်းခြင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ဩဂုတ်လ (၃၁) ရက်နေ့ နံနက်(၉)နာရီတွင် Grand Jade ဟိုတယ်အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲကို အရည်အသွေးကောင်းမွန်သည့် ရွှေရောင်၊ ငွေရောင် ပုလဲများ ပိုမိုတိုးတက် ထုတ်လုပ်နိုင်ရေး၊ နိုင်ငံတော်ဝင်ငွေရရှိရေး၊ တနင်္သာရီတိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရပ်ပိုင်းဆိုင်ရာ များတိုးတက်ရေးနှင့် မိခင်မုတ်ကောင်မှ သားပေါက်မုတ်ကောင်များ ရှင်ကျန်နှုန်း ပိုမိုကောင်းမွန်စေရေး၊ ဝတ်ဆံသွင်းခြင်း၊ ရေချမွေးမြူခြင်း ပိုမိုတိုးတက်လာစေရေး၊ အရည်အသွေးကောင်းမွန်သည့် ပုလဲများ ထုတ်လုပ်နိုင်ရေးနှင့် ပုလဲကဏ္ဍ ယခုထက် ပိုမိုတိုးတက်မြင့်မားစေရေး ရည်ရွယ်ချက်များဖြင့် ကျင်းပခြင်း ဖြစ်ပြီး မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့် ပုလဲမွေးမြူထုတ်လုပ်ရေး ဆောင်ရွက်လျက် ရှိသော ကုမ္ပဏီများမှ […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ သည် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ၂၇-၈-၂၀၂၂ ရက်နေ့တွင် မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ဝန်ကြီးဌာနရုံးခွဲများသို့ ရောက်ရှိကာ ရုံးအဆောက်အဦများနှင့် ဝန်ထမ်း အိမ်ရာများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒ၊ ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့် ညွှန်ကြားချက် များအား တိကျစွာ လိုက်နာရန်၊ မိမိလုပ်ငန်းအပေါ် ကောင်းမွန်သော စေတနာခံယူချက်ထား ဆောင်ရွက်ရန်၊ ပြည်သူများအတွက် ဝန်ဆောင်မှုကောင်းပေးနိုင်ရန် နိုင်ငံ့ဝန်ထမ်းကောင်းများ ဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။ ၂၈-၈-၂၀၂၂ ရက်နေ့တွင် ဒုတိယဝန်ကြီးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ တောင်တော်တွင်းဒေသရှိ သံတော်မြတ်ကုမ္ပဏီ လီမိတက်၏ ကြံ့နှစ်ကောင် ဘိလပ်မြေစက်ရုံနှင့် […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန (ရုံးအမှတ်-၁၉) သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည့် Geographic Information System (GIS) အသုံးပြုနည်း သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မြေပုံများ၊ တစ်လက်မ-တစ်မိုင် စကေး မြေပုံများ၊ Myanmar dataum 2000 UTM မြေပုံများနှင့် ကိုယ်တိုင်ကွင်းဆင်းတိုင်းတာ သတ်မှတ် ထားသော မြေပုံများကို Geographic Information System (GIS) စနစ် အသုံးပြု၍ မြေပုံများ ရေးဆွဲ ရာတွင် တူညီ၍ ပြုပြင်လွယ်သော Software တစ်ခုအား အသုံးပြုခြင်းဖြင့် ဌာနတစ်ခုနှင့်တစ်ခု အကြား လိုအပ်ချက်များကို အချင်းချင်းလွယ်ကူမြန်ဆန်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားရခြင်း ဖြစ်ပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းသူက […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ (၃၁)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၈)ရက် သောကြာနေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ Coronavirus Disease 2019 (COVID-19) ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပ ပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးထွန်းအုံ နှင့် ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်းနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အထွေထွေ မန်နေဂျာများ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် […]
