မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ်သို့ ကူးပြောင်းသည့် အချိန်အခါသမယကို ကြိုဆိုသောအားဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ထမ်း မိသားစု မြန်မာ့ရိုးရာအတာသင်္ကြန်ရေပက်ဖြန်းခြင်း၊ စတုဒီသာ ဧည့်ခံကျွေးမွေးခြင်း၊ သင်္ကြန် တေးသီချင်း အကအလှများဖြင့် ဖျော်ဖြေခြင်း ပျော်ပွဲရွှင်ပွဲအခမ်းအနားကို ၂၀၂၂ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့ နေ့လည်(၁၄:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဌာနအကြီးအကဲများက မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ်မှ ၁၃၈၄ ခုနှစ် သို့ကူးပြောင်းသည့် မြန်မာ့ရိုးရာအတာသင်္ကြန် ကြိုဆိုသည့်ပွဲ ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မင်္ဂလာရှိသော ၁၃၈၄ ခုနှစ် နှစ်သစ်တွင် ပျော်ရွှင်ကျန်းမာ ကြပါစေကြောင်း၊ စိတ်သစ်ကိုယ်သစ်ဖြင့် နိုင်ငံ့တာဝန်များ၊ မိသားစုတာဝန်များကို ကျေပွန်စွာ ထမ်းဆောင်နိုင်သူများ […]

နေပြည်တော် (၄-၄-၂၀၂၂) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဥပဒေဆိုင်ရာအခြေခံဆင့်ပွား သင်တန်းဖွင့်ပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၄)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး နှင့် အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း တို့ တက်ရောက်ကြည့်ရှု အားပေးပါသည်။အဆိုပါသင်တန်းတွင် ပဋိညာဉ်၏ အခြေခံသဘောတရား၊ လုပ်ငန်းအပ်နှံခြင်းသဘောတူစာချုပ် များအကြောင်း၊ ပစ္စည်းဝယ်ယူရေးသဘောတူစာချုပ်များ၊ ပြင်ဆင်ချက်သဘောတူစာချုပ်နှင့် စာချုပ်ရပ်စဲခြင်းများ၊ Basic Principles of International Law, Introduction of the Law of Treaties, အာဆီယံပဋိညာဉ်စာတမ်း၊ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ အကြောင်း၊ Overview of the United Nations, […]

မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကျင်းပ နေပြည်တော် ဧပြီ ၁ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီအစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် နေပြည်တော်ရှိမဏိရတနာ ကျောက်စိမ်း ခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်မောင်ရီ တက်ရောက်အမှာစကားပြောကြားပါသည်။ ထို့နောက် တက်ရောက်လာသူများက ၂၀၂၂ ခုနှစ်၊ (၅၇)ကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာပြပွဲတွင် ခင်းကျင်းပြသရောင်းချမည့် ကျောက်စိမ်းအတွဲများနှင့် ကျောက်မျက်အတွဲများ၊ ပုလဲအတွဲများ အတွဲဖွဲ့စည်းထားမှုနှင့် ရောင်းချမည့် အခြေအနေ၊ လုံခြုံရေးဆိုင်ရာအခြေအနေ၊ ပြပွဲတက်ရောက်မည့် ပြည်တွင်း/ ပြည်ပရတနာကုန်သည် များ၏ တည်းခိုနေထိုင်ရေးအခြေအနေနှင့် ပြပွဲတွင် တင်ပြရောင်းချမည့် ကျောက်အတွဲ များအတွက် ငွေပေးချေမှုအခြေအနေများနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ […]

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဦးဆောင်၍ အသေးစား အဂတိ လိုက်စားမှုများ လျော့ချနိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများတွင်  အများပြည်သူထံမှ တုံ့ပြန်မှုရယူခြင်းအစီအစဉ် (Public Feedback Progarmme-PFP)ကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် PFP Web Portal သင်တန်းကို ၂၀၂၂ ခုနှစ်၊ မတ်လ(၁၇)ရက်နေ့ နံနက်(၁၀:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီအထိ နေပြည်တော်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) သီရိရတနာ ခန်းမတွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦး တက်ရောက် ကြည့်ရှုအားပေးခဲ့ပါသည်။           အဆိုပါ သင်တန်းသို့ CPU နှင့် DEO တာဝန်ထမ်းဆောင်မည့် ဝန်ကြီးရုံး၊ ရုံးအမှတ်(၂၈)၊ ရုံးအမှတ်(၁၉)တို့မှ အရာထမ်း/အမှုထမ်း၊ ဝန်ကြီးဌာနလက်အောက်ရှိ ဦးစီး ဌာန/လုပ်ငန်းများမှ အရာထမ်း/အမှုထမ်း(၂၅)ဦးကို Physical Training ဖြင့် လည်းကောင်း၊ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ လိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်း မြို့နယ်ရှိ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ပုလဲကျွန်းစခန်း၊ ပုလဲရတနာခန်းမတွင် မြန့်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက ပုလဲကျွန်း၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက အရည်အသွေး ကောင်းမွန်သော ရွှေရောင်၊ ငွေရောင်ပုလဲများ စဉ်ဆက်မပြတ် ရေရှည် ထုတ်လုပ်နိုင်ရေးအတွက် အစီအမံများ ဆောင်ရွက်ထားရှိပြီး ပိုမိုထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့် မုတ်ကောင်များ ရရှိရေးအတွက် လုပ်ငန်းအဆင့်ဆင့်တွင် သုတေသနလုပ်ငန်းများ ဆောင်ရွက်ပြီး သုတေသနရလာဒ်များအပေါ် အခြေခံ၍ လက်ရှိဆောင်ရွက်နေသော ပုလဲထုတ်လုပ်ခြင်းလုပ်ငန်းများ ပိုမိုတိုးတက်ကောင်းမွန်စေရေး ကြိုးစားဆောင်ရွက်သွားရန်နှင့် မြန်မာ့ပုလဲသည် ကမ္ဘာ့အရည်အသွေး အကောင်းဆုံးထဲတွင် ပါဝင်သဖြင့် […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၂ ခုနှစ်၊ မတ်လ (၁၂) ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ သယံဇာတဝန်ကြီး၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများလိုက်ပါလျက် တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်ရှိ ဒုံးပုလဲအော်ကျွန်း ပုလဲ မွေးမြူရေးစခန်းသို့ရောက်ရှိရာ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်ထောင်စုဝန်ကြီးက မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ပုလဲ မွေးမြူထုတ်လုပ်ခြင်းကို စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိပြီး ထုတ်လုပ်မှုအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် (၁၂၈) ရာခိုင်နှုန်း ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ဒေသခံများအတွက်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ခဲ့ကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ နိုင်ငံတကာဈေးကွက်တွင် အရည်အသွေးနှင့် အရွယ်အစားအပေါ် မူတည်၍ နှစ်သက်သူများသဖြင့် ဈေးကွက်ပိုမိုရရှိရေး ကြိုးစားဆောင်ရွက်ရန်လိုကြောင်း၊ မုတ်ကောင် […]

Top