သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၅/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၃-၁၀-၂၀၂၅ ရက်နေ့ နံနက် ၀၉:၄၅ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် အုပ်ချုပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးကို က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု ဝန်ကြီးရုံးရှိ မော်တော်ယာဉ်များ အသုံးပြုနေမှု အခြေအနေနှင့် ပြင်ဆင်စရိတ်များ […]
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက်ပိုင်းတွင် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီး ဟောင်း H.E Dr. Khalid Bin Mohammed AI Attiyah ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော် ရုံးအမှတ်(၂၈)တွင် လက်ခံတွေ့ဆုံသည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့်ကာတာနိုင်ငံအကြား နှစ်နိုင်ငံ ဓာတ်သတ္တုကဏ္ဍဆိုင်ရာကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်ရေးကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့နယ်အတွင်းရှိ သစ်တော စိုက်ခင်း များ၏ ရှင်သန်အောင်မြင်မှု အခြေအနေနှင့် ကားလမ်းဘေးဝဲယာ စိမ်းလန်းစိုပြည်ရေး တစ်အုပ်တစ်မ စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်ထားမှု အခြေအနေများအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် တာဝန်ရှိသူများအတူ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ မုန်ချောင်းပေါက်ကျေးရွာအနီးရှိ ၂၀၂၅ မိုးရာသီတွင် စိုက်ပျိုးထားသည့် ၁/၂၀၂၅ ကျေးရွာသုံးထင်းစိုက်ခင်း (၁၀) ဧက၏ ရှင်သန်အောင်မြင်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးပြီး အပူပိုင်းဒေသရာသီဥတု၊ မြေအမျိုးအစားနှင့် ကိုက်ညီသော ဒေသမျိုးရင်းသစ်မျိုးများအား ရွေးချယ် စိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးထားသော အပင်များ ရှင်သန် ကြီးထွားအောင် ထိန်းသိမ်းစောင့်ရှောက် သွားရန် မှာကြားသည်။ ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် […]
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ၂၀၂၅ ခုနှစ်၊ တတိယအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်တော်အနီး၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်၍ ခရေပျိုးပင်ကို ဦးဆောင်စိုက်ပျိုးပေးသည်။ အခမ်းအနားသို့ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကော်မရှင်အဖွဲ့ဝင် အမှုဆောင်ချုပ် ဦးအောင်လင်းဒွေး၊ ကော်မရှင်အတွင်းရေးမှူး တွဲဖက်အမှုဆောင်ချုပ် ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထောင်စု အဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဒုတိယဝန်ကြီးများနှင့် ဝန်ကြီးဌာနများမှ ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ၊ Naypyitaw State Academy ၊ Naypyitaw State Polytechnic University၊ […]
၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်၊ ရုံးအမှတ် (၃၉)၊ သစ်တောဦးစီးဌာန၊ အင်ကြင်းခန်းမ၌ ကျင်းပရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ အိုဇုန်းယူနစ် အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် လေအေးပေးစက်ဆိုင်ရာ ပညာရှင်အသင်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံသည် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ အိုဇုန်းလွှာပျက်စီးစေသော ဒြပ်ပစ္စည်းများ ထိန်းချုပ်ရေးဆိုင်ရာ မွန်ထရီယယ်နောက်ဆက်တွဲစာချုပ် များတွင် အဖွဲ့ဝင်ဖြစ်ပြီး အဆိုပါစာချုပ်၏ ပြင်ဆင်ချက်လေးခုဖြစ်သော လန်ဒန်ပြင်ဆင်ချက်၊ ကိုပင်ဟေဂင် ပြင်ဆင်ချက်၊ မွန်ထရီယယ်ပြင်ဆင်ချက်၊ ပေကျင်းပြင်ဆင်ချက်များတွင် အဖွဲ့ဝင်နိုင်ငံအဖြစ် […]
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၁၉) တွင် AI Power Personal Growth & Cyber Security Awareness သင်တန်းဖွင့်လှစ်ခြင်း အခမ်းအနားကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၉:၃၀ နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ သင်တန်းတွင် Introduction to AI Concepts and Potential, Invisible AI in Daily Activities, AI Tools and Their Practical Applications, Safe AI Utilization, […]
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
ရွှေ ၁ ကျပ်သား = ၁၆.၃၂၉၃၂၅ ဂရမ်စံချိန်မီရွှေ = သိပ်သည်းဆ (Density) ၁၉.၂၅ ဂရမ်/ကုဗစင်တီမီတာ နှင့်အထက် (သတ်မှတ်ဈေးဖြင့် သာ အရောင်း/အဝယ် ပြုလုပ်ရန်ဖြစ်ပါသည်) ဓာတ်သတ္တု(ရွှေ)ရည်ညွှန်းဈေးသတ်မှတ်ရေးကော်မတီ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ရုံးအမှတ်-၁၉ ၏ ၄/၂၀၂၅ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ၅-၉-၂၀၂၅ ရက်နေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားပါသည်။ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်းအတွင်းဝန်နှင့် လက်ထောက်အတွင်း ဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြပါသည်။ ဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားတွင် ပြည်တွင်း/ပြည်ပဆက်ဆံရေးနှင့် သတင်းပြန်ကြားရေး ဌာနခွဲမှ လက်ထောက်အတွင်းဝန် ဦးဇော်အောင်၊ ဝန်ကြီးဌာနတွင်း စာရင်းစစ်နှင့်ဘဏ္ဍာရေးဌာနခွဲမှ လက်ထောက်အတွင်းဝန် ဒေါ်နီလာဇင်၊ စီမံကိန်းနှင့်စာရင်းအင်းဌာနခွဲမှ လက်ထောက်အတွင်းဝန် […]
