သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွင်း ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ၂၇-၉-၂၀၂၁ ရက်နေ့ နံနက် (၀၉:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉)ရှိ သီရိရတနာခန်းမ၌ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။             ပြည်ထောင်စုဝန်ကြီးက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန အနေဖြင့် ရည်မှန်းချက်နှင့် လုပ်ငန်းတာဝန်များကို နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရတို့နှင့် အပြန်အလှန် နားလည်မှုရှိရှိ […]

သတင်းစဉ် နေပြည်တော် (၂၄-၈-၂၀၂၁) ကျောက်စိမ်းအချောထည် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်း အစည်း အဝေးကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ရုံးအမှတ်(၁၉) ရှိအစည်းအဝေးခန်းမတွင် Online Meeting စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ကျောက်စိမ်းအချောထည်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး စတုတ္ထအကြိမ် ညှိနှိုင်းအစည်းအဝေး ဖြစ်ကြောင်း၊ ကျောက်စိမ်းများကို အရိုင်းအတိုင်း ပြည်ပသို့ တင်ပို့ခဲ့တာ နှစ်များစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ကြောင်း၊ ရန်ကုန်မြို့တွင် ပင်လုံရတနာဈေး တည်ဆောက်ခဲ့သော်လည်း လုပ်ငန်းဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း၊ […]

သတင်းစဉ် နေပြည်တော် (၂၀-၈-၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၂၀)ရက်နေ့ နံနက် (၁၀:၀၀) နာရီ အချိန်တွင် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အစည်းအဝေးခန်းမ၌ Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သော ကျောက်စိမ်းအချောထည်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ ဦးဆောင်ညွှန်ကြားရေးမှူးက နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိ ရပ်ကွက်ရှိ ရွှေကြာပင်ကျောက်မျက်ရတနာအချောထည်ဈေး၏ မြေအကျယ်အဝန်း၊ အချောထည် အလုပ်ရုံများ တည်ဆောက်ရန်အတွက် ကုမ္ပဏီအလိုက် အကွက်ရိုက် သတ်မှတ်၍ မြေကွက်ချထားပေးမှုအခြေအနေ၊ ကျောက်မျက်ရတနာအချောထည် အလုပ်ရုံများ တည်ဆောက်ထားရှိမှုအခြေအနေ၊ အလုပ်ရုံတည်ဆောက်ဆဲမြေကွက်များ၏ အခြေအနေ၊ ကျောက်မျက်ရတနာအချောထည်ဈေးအတွင်း ကျောက်မျက်ရတနာ အချောထည်များ ထုတ်လုပ်ရန်အတွက် […]

၁၈-၈-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် Virtual Meeting ဖြင့် ကျင်းပပြုလုပ်သည့် သစ်အခြေခံစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး သတင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတိ၏ ဒုတိယအကြိမ် အစည်းအဝေးကို ၁၈-၈-၂၀၂၁ ရက်နေ့၊ နံနက် (၁၀:၀၀) နာရီ အချိန်တွင် Video Conferencing စနစ်ဖြင့် ကျင်းပရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ သစ်အခြေခံစက်မှုလုပ်ငန်းရှင်များ၊ ကော်မတီဝင်များ တက်ရောက် ကြပါသည်။ အစည်းအဝေးတွင် ကော်မတီဥက္ကဌ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ အခြေခံအဆင့် ခွဲစိတ်ထားသော သစ်ခွဲသားများအား ပြည်ပ […]

သတင်းစဉ် ၁၂.၈.၂၀၂၁ ( နေပြည်တော်) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းနှင့် အကျိုးတူဖက်စပ်ဆောင်ရွက်လျက်ရှိသော ပုလဲမွေးမြူထုတ်လုပ်ရေးကုမ္ပဏီ၏ ဖော်ယူပြီးသောပုလဲများကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့မှ နေပြည်တော်သို့ မြန်မာ့လေကြောင်း စင်းလုံးငှားလေယာဉ်ဖြင့် သယ်ယူ၍ တန်ဖိုးဖြတ်ခြင်းနှင့် အချိုးကျခွဲဝေခြင်းကို ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ၊ (၁၂)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် နေပြည်တော်၊ မြန်မာ့ကျောက်မျက်ရတနာပြတိုက်၌Covid-19 ကူးစက်ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး စည်မျဉ်းစည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ၊ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက် စစ်ဆေးကြည့်ရှုခဲ့ပါသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့်ရောင်းဝယ်ရေးလုပ်ငန်းနှင့်အကျိုးတူ ဖက်စပ် ဆောင်ရွက်လျက်ရှိသော ပြည်ပကုမ္ပဏီ(၄)ခု၊ ပြည်တွင်းကုမ္ပဏီ(၇)ခုနှင့် နိုင်ငံပိုင် ပုလဲစခန်း (၁)ခု၊ စုစုပေါင်း ပုလဲထုတ်လုပ်ရေး စခန်း(၁၂)ခုဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ပုလဲ လုံးရေ […]

Top