သတင်းစဉ် နေပြည်တော် (၃၀.၆.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သတ္တုကဏ္ဍအောက်ရှိ ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟို ကော်မတီ၏ လမ်းညွှန်ချက်၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကျင်းပသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမင်းမင်းဦးက ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းကြောင့် မြန်မာနိုင်ငံသတ္တုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက် အရာထမ်း/ အမှုထမ်းများ အနေဖြင့် တွေ့ကြုံရသည့် အခက်အခဲ၊ ပြဿနာများကို ဖော်ထုတ်၍ ဖြေရှင်းနိုင်မည့် နည်းလမ်းများကို တွေးခေါ် ကြံဆ စနစ်တကျ ဖြေရှင်းဆောင်ရွက်နိုင်မည့် အရည်အသွေး ရရှိလာမည် ဖြစ်ပါကြောင်း ပြောကြား […]

သတင်းစဉ် နေပြည်တော် (၂၉.၆.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပိုက်ကျော်ခြင်း (အမျိုးသား)နှင့် ဘော်လီဘော (အမျိုးသား/ အမျိုးသမီး) အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်း တွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊ ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ပါမောက္ခချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာန/လုပ်ငန်းများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြပြီး ဘော်လီဘော(အမျိုးသား) ပြိုင်ပွဲ ဗိုလ်လုပွဲကို ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ဘော်လီဘော (အမျိုးသား) ပထမဆုရ သစ်တောရေးရာ-B အသင်းကို […]

သတင်းစဉ် နေပြည်တော် (၂၆.၆.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ရှိရန်လို ကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း များကို အားပေးရန် […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ရှိရန်လို ကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် ကိုယ်လက်လှုပ်ရှား အားကစား ပြုလုပ်ခြင်း များကို အားပေးရန် လိုအပ်ကြောင်း၊ အားကစားများ ပြုလုပ်မှသာ […]

      သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ ၂၀၂၁ ခုနှစ် (အမျိုးသား) ပိုက်ကျော်ခြင်းနှင့် (အမျိုးသား/ အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (C) ရုံတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။           အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးက အဖွင့်အမှာစကား ပြောကြားရာတွင် အားကစားနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သည့် လူသားအရင်းအမြစ်များ ရှိရန်လို ကြောင်း၊ ကျန်းမာရေးကို အထောက်အကူဖြစ်စေမည့် […]

သတင်းစဉ် နေပြည်တော် (၁၅.၆.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ နေ့လည်(၁၂:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံသတ္တုလုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဟန်နှင့် အဖွဲ့ဝင်များကို သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်းနှင့် ဓာတ်သတ္တုများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အထူး အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan, EMP)နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာလေ့လာ ဆန်းစစ်ချက် […]

သတင်းစဉ် နေပြည်တော် (၁၅.၆.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် နေပြည်တော် ရုံးအမှတ်(၁၉) အစည်းအဝေးခန်းမတွင် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် အဖွဲ့ဝင်များကို သီးခြားစီလက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့ လက်ခံတွေ့ဆုံခဲ့ရာတွင် ပြည်ထောင်စုဝန်ကြီးက တက်ရောက်လာကြသည့် ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင် လုပ်ငန်းရှင်များအနေဖြင့် ကျောက်မျက်ရတနာတူးဖော်ခြင်းလုပ်ငန်းနှင့် ဓာတ်သတ္တုများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းကို အထူး အလေးထား လိုက်နာဆောင်ရွက်ရမည်ဖြစ်ကာ သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများ၊ အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်ဖြစ်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး စီမံခန့်ခွဲမှု အစီအစဉ် (Environmental Management Plan, EMP)နှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာလေ့လာ […]

သတင်းစဉ် နေပြည်တော် (၂၁.၄.၂၀၂၁) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (သတ္တုရေးရာ)၊ ရုံးအမှတ် (၁၉) နေပြည်တော် တိုးချဲ့ရုံး အဆောက်အဦသစ် ကမ္ပည်းမော်ကွန်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့ နေ့လည် (၁၁:၀၀) နာရီ မင်္ဂလာအချိန်တွင် အဆိုပါ အဆောက်အဦသစ်တွင် ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းဖွင့်လှစ်ပေးခဲ့ပါသည်။ ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာညီညီကျော် နှင့် ဦးစီးဌာန/ လုပ်ငန်းများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများက ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြပါသည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် အဖွဲ့သည် ရုံးအဆောက်အဦသစ်အတွင်း ဘူမိဗေဒ လေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနနှင့်အမှတ်(၂)သတ္တုတွင်းလုပ်ငန်းတို့မှ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းမှ အောက်ပါအတိုင်း အသိပေးကြေညာအပ်ပါသည်။           “ကျောက်စိမ်းရိုင်း တူးဖော်၊ ထုတ်လုပ်ခြင်း လုပ်ငန်းကို ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ဆောင်ရွက်နိုင်စေရန်အတွက် လည်းကောင်း၊ ကျောက်မျက် သယံဇာတများကို သားစဉ်မြေးဆက် ရေရှည် သုံးစွဲနိုင်ရန်အတွက် လည်းကောင်း၊ Coronavirus Disease 2019 (Covid-19) ရောဂါ ဖြစ်ပွားမှုကို ကာကွယ် ထိန်းသိမ်းနိုင်ရန်အတွက် လည်းကောင်း၊ လုံးခင်း/ ဖားကန့် ရတနာနယ်မြေနှင့် မော်လူး/မော်ဟန် ရတနာနယ်မြေတို့ တွင် ရပ်နားထားခဲ့သော ကျောက်စိမ်းရိုင်း တူးဖော်ခြင်း လုပ်ငန်း များကို (၁-၂-၂၀၂၁) ရက်နေ့မှ (၃၀-၉-၂၀၂၁) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားမည် ဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်” မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း

Top