(၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ချီးမြှင့်သည်။ အခမ်းအနားသို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ပြည်တွင်းပြည်ပမှ ပုလဲလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် နိုင်ငံအလိုက် တောင်ပင်လယ်ပုလဲထုတ်လုပ်မှုဆိုင်ရာ အချက်အလက်များ၊ မြန်မာ့ပုလဲများထုတ်လုပ်မှု၊ ရောင်းချနိုင်မှုနှင့် ၂၀၂၄ ခုနှစ်၊ (၁၄၂) ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲ အခမ်းအနားကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်ခဲ့မှု ဗီဒီယို မှတ်တမ်းကို ကြည့်ရှုကြသည်။ ထိုနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်၁၉ ၏ ၅/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန် ဦးလှမောင်သိန်း၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၁၀ ဦး တက်ရောက်ကြပါသည်။ ထို့နောက်တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက ရုံးလုပ်ငန်းတာဝန်ဆောင်ရွက်နေ မှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်မျာ၊ အိမ်ရာ အဆောက်အဦး နေထိုင်ရေးဆိုင်ရာကိစ္စရပ်များ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် […]

          မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ အစည်းအဝေးကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ မြန်မာ့တောင်ပင်လယ် ပုလဲရောင်းချပွဲဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။           ထို့နောက် (၁၄၂)ကြိမ်မြောက် မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲအား နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမတွင် ၁၂-၈-၂၀၂၄ ရက်နေ့မှ ၁၅-၈-၂၀၂၄ ရက်နေ့အထိ ကျင်းပပြုလုပ်မည့်အခြေအနေ၊ မြန်မာ့တောင်ပင်လယ်ပုလဲရတနာများ ရောင်းချနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေ၊ ရောင်းချမည့် ပုလဲအတွဲများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ပြပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ လုပ်ငန်း ကော်မတီများက ကဏ္ဍအလိုက် အသေးစိတ်ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။ အစည်းအဝေးသို့ မြန်မာ့တောင်ပင်လယ်ပုလဲရောင်းချပွဲဗဟိုကော်မတီ ဥက္ကဋ္ဌ သယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ […]

   (၃၃)ကြိမ်မြောက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန မိသားစု ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အလှူတော်မင်္ဂလာအခမ်းအနားကို နေပြည်တော် ရုံးအမှတ်-၁၉ ရှိ သီရိရတနာ ခန်းမ၌ ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၀၇:၃၀ နာရီအချိန်မှစ၍ ကျင်းပပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍  ဝါဆို သင်္ကန်းဆက်ကပ်လှူဒါန်းခဲ့ပါသည်။       အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ဝန်ထမ်း အမျိုးသမီး ဓမ္မစကြာဝတ်ရွတ်အဖွဲ့က  ပဏာမ ဝတ်ရွတ်ပူဇော်ကြပါသည်။ ထို့နောက် အခမ်းအနား အား “နမောတဿ” သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီ၊  ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန် […]

၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးများဖြင့် ထူးချွန်စွာအောင်မြင်ခဲ့ကြသော သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာနရှိ ဝန်ထမ်းများ၏သားသမီးများအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို ၉-၇-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန် နှင့် ဌာနအကြီးအကဲများ၊ ဂုဏ်ထူးရ ထူးချွန်ကျောင်းသား/ ကျောင်းသူများနှင့် မိဘများတက်ရောက်ကြသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အတွက် ထူးချွန်သော လူငယ်များစွာ ပေါ်ထွန်း လာရေးရည်ရွယ်၍ ယခုကဲသို့ ထူးချွန်စွာအောင်မြင်ခဲ့မှု၊ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် တစ်မျိုးသားလုံး ပညာရည်တိုးတက်မြင့်မားရေး အမျိုးသားရေးမျှော်မှန်းချက် ချမှတ်ပြီး ပညာရေး ပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဘက်စုံထူးချွန် ထက်မြတ်ပြီး အရည်အသွေး မြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာစေရန် စီမံဆောင်ရွက်ပေးလျက် ရှိရာ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်–၁၉ ၏ ၄/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။ အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက် အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၂ ဦး တက်ရောက်ကြပါသည်။ ထို့နောက်တက်ရောက်လာကြသည့် အရာထမ်း၊ အမှုထမ်းများက ရုံးလုပ်ငန်းတာဝန်ဆောင်ရွက်နေမှုများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့် ရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ ဝန်ထမ်းရေးရာကိစ္စရပ်များ၊ အိမ်ရာ အဆောက်အဦ နေထိုင်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် သင်တန်းများ […]

          အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ကျင်းပခဲ့ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေး၊ ကော်မရှင်အဖွဲ့ဝင် ဦးသန်းစိုးနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊  တာဝန်ရှိ သူများ၊ CPU အဖွဲ့ဝင်များ စုစုပေါင်းအင်အား (၅၀၀) ဦး တက်ရောက်ကြသည်။           ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီက ယခုကဲ့သို့ အဂတိလိုက်ကစားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲများအား လက်ခံကျင်းပခြင်းအားဖြင့် ဝန်ကြီးဌာနရှိ ဌာနအကြီးအကဲများနှင့် အရာထမ်း၊ […]

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ ရုံးအမှတ်–၁၉ ၏ ၃/၂၀၂၄ ကြိမ်မြောက် ဝန်ထမ်းများ ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ နံနက် ၁၀:၀၀ နာရီ အချိန်တွင် နေပြည်တော် ရုံးအမှတ်–၁၉ ရှိ သီရိရတနာခန်းမ၌ ကျင်းပ ပြုလုပ်ရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားပါသည်။           အခမ်းအနားသို့ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းနှင့် လက်ထောက်အတွင်းဝန်များ၊ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း ၁၀၅ ဦး တက်ရောက်ကြပါသည်။           အခမ်းအနားတွင် ၂၀၂၄ ခုနှစ် အတွင်း နိုင်ငံဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)တွင် ဖွင့်လှစ်သင်ကြား ခဲ့သည့် အလယ်အလတ်အဆင့် အရာထမ်းသင်တန်း အမှတ်စဉ် (၁၀)တွင် တက်ရောက်ခဲ့ပြီး သင်တန်းသား […]

၂၀၂၄ ခုနှစ်၊ (၅၉) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ထမ်းများအတွက် ဂုဏ်ပြုညစာ စားပွဲအခမ်းအနားကို ၂၃-၅-၂၀၂၄ ရက်နေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်ရာ မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ နာယက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။           ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်၊ (၅၉)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မေလ ၃ ရက်နေ့မှ ၁၂ ရက်နေ့အထိ မဏိရတနာကျောက်စိမ်းခန်းမတွင် အောင်မြင်စွာ ကျင်းပနိုင်ခဲ့ ပါကြောင်း၊ ယခု ပြပွဲသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက် သတ္တမအကြိမ်မြောက် ကျင်းပပြုလုပ်ခဲ့သည့် ပြပွဲဖြစ်ပြီး ပုလဲအတွဲ  ၃၇၉ တွဲ ၊ ကျောက်မျက်အတွဲ ၈၈ တွဲ၊ အုပ်စုအေ […]

Top